အင်္ဂလန် အသင်းဟာ မနေ့ညက ဆလိုဗက်ကီးယားကို ခက်ခက်ခဲခဲ အနိုင်ယူကာ ယူရို ကွာတားဖိုင်နယ် အဆင့် သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ညက ဆလိုဗက်ကီးယားနဲ့ ပွဲမှာ ပွဲချိန် ၆၆ မိနစ်၊ ကိုးလ် ပယ်မာ လူစားဝင်လာပြီး ထရစ်ပီယာ ထွက်သွားချိန်မှာ အင်္ဂလန် အသင်းအတွက် တိုက်စစ်မှုါ် ဆာကာ က ဘယ်စွန် ခံစစ်ကို ဆင်းကစားပေးခဲ့ ရပါတယ်။
နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်း ယူရို နောက်ပွဲတွေမှာ ဆာကာ ကို ဘယ်စွန် နောက်ဆင်း ကစားစေဖွယ် ရှိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
လာမယ့် ပွဲတွေမှာလည်း ဆာကာ ကို အဲဒီနေရာမှာပဲ ဆက်ကစားခိုင်းရင် အသင်း အတွက် တိုက်စစ်အား ပိုတောင့်လာမယ် လို့ နည်းပြ ဆောက်ဂိတ်ကတော့ ယူဆနေပါတယ်။
” ဘူကာယို ဘယ်စွန် ခံစစ်ခြမ်း ဆင်း ကစားတာက အသင်းအတွက် တိုက်စစ်မှာ ပို အင်အား ကောင်းသွားစေတယ် လို့ ခံစားရတယ်။ ဒီလို ရွေးချယ်စရာ ရှိတာ ကောင်းပါတယ်။ ဒီညမှာ အလန်းစား ကစားသွားတဲ့ ကစားသမားတွေကိုလည်း ကျွန်တော် အားပေး ချီးကျူးရပါမယ်။ ” လို့ ဆောက်ဂိတ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဆာကာ ကို အခုလို ခံစစ် အစွန် ဆင်းကစားဖို့ အင်္ဂလန် ကစားသမားဟောင်းကြီးတွေက တောက်လျောက် တိုက်တွန်းနေခဲ့တာ ဖြစ်ပြီး အာဆင်နယ် တိုက်စစ်သမားကတော့ သူ ခံစစ်ကို ဆင်း မကစားလိုကြောင်း ဖွင့်ဟထားဖူးပါတယ်။
“ ကျနော့်ကို ကိုယ်အားသန်တာ မဟုတ်တဲ့ နေရာကို တွန်းပို့သင့်တယ်လို့ မထင်ပါဘူး ” ဆိုပြီး ဆာကာက ပြောဆိုထားတာ ဖြစ်ပါတယ်။