Beauty Blogger နေခြည်ဦးဟာဆိုရင် ချစ်သူရည်းစား ထားစဉ်ကလည်း လူသိရှင်ကြား ပြောကြားခဲ့သလို ချစ်သူသက်တမ်း တစ်နှစ် အပြည့်မှာလည်း လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း လတ်တလော အင်တာဗျူး ဗီဒီယိုမှာ ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။
[Unicode] Beauty Blogger နေခြည်ဦးဟာဆိုရင် ချစ်သူရည်းစား ထားစဉ်ကလည်း လူသိရှင်ကြား ပြောကြားခဲ့သလို ချစ်သူသက်တမ်း တစ်နှစ် အပြည့်မှာလည်း လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း The Rador နဲ့ အင်တာဗျူး ဗီဒီယိုမှာ ပွင့်ပွင့်လင်းလင်း ဖြေကြားသွားပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် အချိန်မပေးနိုင်တော့တဲ့အတွက် Break လုပ်လိုက်တာ ဖြစ်ကြောင်းနဲ့ မခေါ်မပြောဖြစ်ရလောက်အောင် ပြဿနာမျိုး နှစ်ယောက်ကြားမှာ မရှိဘူးလို့ နေခြည်ဦးက ဆိုပါတယ်။ ယခင်ကတော့ ခရီးသွားရင် ချစ်သူနဲ့ အတူတူ သွားခဲ့ဖူးပေမယ့် အခုချိန်မှာတော့ တစ်ယောက်တည်း ဖြစ်သွားပြီလို့ သူမက ပြောပါတယ်
သူမက လက်ရှိ ရုပ်ရှင်ဇာတ်ကားကြီး ၂ကား ကိုရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ Beauty Blogger မဖြစ်ခင်က လက်တွဲခဲ့တဲ့ ချစ်သူဟောင်းနဲ့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခံထားရတယ်လို့လည်း ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးများမှာ ဖြေကြားထာပါတယ်။
နေခြည်ဦး သူမရဲ့ ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေချစ်မြတ်နိုးခြင်းခံထားရသူလေး ပဲ ဖြစ်ပါတယ်။ သူမက Beauty Blogger လုပ်ရင်း သရုပ်ဆောင်တစ်ယောက် အ ဖြစ်လည်းခံယူထားတာပါ။ သူမက လက်ရှိ ရုပ်ရှင်ဇာတ်ကားကြီး ၂ကား ကိုရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ နေခြည်ဦး က ခုချိန်မှာ သူမဝါသနာပါတဲ့အလုပ်တွေ လုပ်ရင်း အလုပ်ရုှပ်နေတာ ကြောင့် ချစ်သူကို အချိန်မပေး နိုင် ဖြစ်နေတဲ့အတွက် နှစ်ဦးသဘောတူ လက်တွဲဖြုတ်လိုက်တာပါ။
နေခြည်ဦးက ခါတိုင်းမှာတော့ ချစ်သူနဲ့ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေ ဗီဒီယို လေးတွေကို သူမရဲ့ Instagram မှာတင်လေ့ရှိပါတယ်။