ကမ္ဘာ့ရွှေစျေး ထိုးတက်သွားခဲ့ပေမယ့် ပြည်တွင်းမှာ ရွှေအသင်းစျေးက တက်မလာခဲ့ပါဘူး။ ပြင်ပပေါက်စျေးကလည်း တက်ဖို့ တာဆူနေပေမယ့် စျေးကွက်ထဲမှာ အရောင်းအဝယ် လုပ်နိုင်စွမ်း မရှိပါဘူး။
ငွေလိုလို့ ရွှေပြန်ရောင်းသူတွေအတွက် ရောင်းရခက်သလို ရှုံးဖို့ရာနှုန်းများတာကြောင့် လက်တလောဟာ ရွှေအရောင်းအဝယ် မလုပ်သင့်တဲ့ အခြေအနေ ဖြစ်လာပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၆ ရက်၊ စနေနေ့ နံနက် ၉ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၈၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၄၅၉၂၂ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၅၆၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၂၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။