အာဆင်နယ် အတွက် အစောပိုင်း ပွဲကြပ်များတဲ့ ပွဲစဉ်ဇယား ထွက်ထားပေမယ့် နည်းပြ အာတီတာကတော့ ပရီးမီးယားလိဂ်ရာသီသစ်နဲ့ ပတ်သက်ပြီး နှစ်ခြိုက် သဘောကျနေပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အာဆင်နယ်က ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံ ရမှာ ဖြစ်ပြီး ပွဲစဉ် ၂ မှာတော့ ဗီလာကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘောလုံးရာသစ် ပွဲစဉ်တွေနဲ့ ပတ်သတ်ပြီး အာတီတာက “အိမ်ကွင်းမှာ ပထမဆုံး ကစားရတဲ့ပွဲကို ကြိုက်ပါတယ်။ အဲ့တဒါက သေချာပါတယ်။ လူတိုင်းက အဲ့တာကိုစောင့်နေကြတာလို့ ထင်ပါတယ်။ ရာသီသစ်က တကယ့်ထူးရှယ်နေ့ဖြစ်လာနိုင်ပါတယ်။ ခွန်အားအသစ်တွေ မျှော်လင့်ချက်အသစ်တွေနဲ့စတင်မှာဖြစ်ပါတယ်။
အဲ့ဒီ အတွက်လည်း ကျွန်တော်တို့ သေချာလေးပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ်မှာက ဘယ်အသင်းမဆိုခက်ခဲပါတယ်။ ကျွန်တော်တို့ ကျော်ဖြတ်ရမှာတွေရှိပါတယ်။ အဲ့အတွက်လည်း သေချာလေးပြင်ဆင်ဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့ ပွဲတွေက လျင်မြန်ပြီး အရမ်းများတာကြောင့်ပါ။ ယူရိုသွားကန်နေတဲ့ ကစားသမားတွေ အတွက်လည်း သေချာလေးပြင်ဆင်ထားပါတယ်။ ဝုဗ်နဲ့ပွဲမှာ အားလုံးအဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမှာပါ။
အဲ့ဒီမတိုင်ခင်မှာတော့ ကစားသမားတွေအနေနဲ့ မသေချာမှုတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အလှည့်အပြောင်းတွေရှိနိုင်ပါတယ်။ ကစားသမားတွေကြားက ချိတ်ဆက်မှုက အမြဲတမ်းအဆင်ပြေမယ်ဆိုရင် ရာသီသစ်အတွက် စိတ်လှုပ်ရှားစရာတွေ ဖြစ်လာနိုင်ပြီး အပေါင်းလက္ခဏာဆောင်လာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးကို ရာသီပိတ်ခါနီးအထိ ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ဆုဖလားတော့ လွဲချော်ခဲ့ပါတယ်။
လာမယ့်ရာသီသစ်မှာလည်း အာဆင်နယ်က မန်စီးတီးကို ဆက်လက်ဖိအားပေးနိုင်ဖို့ လိုအပ်တဲ့ လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။