မန်ယူပရိသတ်တွေက အသင်းတိုက်စစ်မှူး လူကာကူ အသင်းကနေ ထွက်ခွာမယ်ဆိုရင် မာရှယ်ကို ကျောနံပါတ် ၉ ပြန်ယူတာမျိုး မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုနေပါတယ်။

၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ ပြောင်းလာခဲ့တဲ့ ပြင်သစ်သားဟာ ပထမဆုံးအဖြစ် ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့တာပါ။ ဒါပေမယ့်လို့ တိုက်စစ်မှူး အေဘရာမိုဗစ် ပြောင်းလာခဲ့တဲ့နောက်မှာ အဆိုပါ နံပါတ်ကို လွဲပြောင်းယူသွားခဲ့တာဖြစ်တယ်။

နောက်ပိုင်းမှာ မာရှယ်က ကျောနံပါတ် ၁၁ ကို ပြောင်းလဲဝတ်ဆင်ခဲ့တယ်။ အေဘရာမိုဗစ် မန်ယူမှာ တစ်နှစ်ကစားပြီးနောက် ထွက်ခွာသွားခဲ့ပေမယ့် တိုက်စစ်မှူး လူကာကူ ရောက်လာခဲ့ပြီး ကျောနံပါတ် ၉ ကို ဆက်လက်ပြီး ဆက်ခံသွားခဲ့တာဖြစ်တယ်။

မန်ယူအသင်းရဲ့ တိုက်စစ်မှူး မာရှယ်ဟာ နောက်ပိုင်းနှစ်တွေမှာ ရုန်းကန်နေရပြီး အသင်းပရိသတ်တွေကတော့ ကျောနံပါတ်ကအစ လွဲပြောင်းပေးခဲ့ရပြီး အလေးပေးခံရမှု လျော့နည်းခြင်းက အဓိက အကြောင်းရင်းလို့ ယူနေနေတာဖြစ်တယ်။

မာရှယ်အား သူ့ရဲ့ကျောနံပါတ်ကို ပြန်ပေးခဲ့မယ်ဆိုရင် ကစားသမားကို ယုံကြည်မှု ရစေမှာဖြစ်ပြီး ခြေစွမ်း ပြန်ပြလာမယ်လို့ မှတ်ချက်ပြုနေကြပါတယ်။

မန်ယူဟာ အင်တာမီလန်အသင်းရဲ့ လူကာကူ အတွက် ငွေသားအပြင် တောင်ပံသမား ပါရီဆစ်ကိုပါ အလိုက်ပေးတဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။ စီးရီးအေကလပ်က ကမ်းလှမ်းမှုတွေ ထပ်ပေးလာမှာဖြစ်ပြီး ဘယ်ဂျီယံ တိုက်စစ်သမားကလည်း စီးရီးအေကို ပြောင်းကစားလိုနေတာကြောင့် မကြာခင်မှာ ကျောနံပါတ် ၉ ဟာ လစ်လပ်သွားတော့မှာ ဖြစ်ပါတယ်။