ပြည်တွင်းမှာ ရွှေအသင်းစျေးနဲ့ ပြင်ပပေါက်စျေး ကွာဟချက်ဟာ ကျပ် ၁၀ သိန်းခွဲဝန်းကျင်ထိ ရှိလာနေသလို အရောင်းအဝယ် ပိုပိုပြီး အေးစက်လာပါတယ်။
ပွင့်လင်းတဲ့ အရောင်းအဝယ် လုပ်ဆောင်လို့ မရခြင်းနဲ့အတူ ကျပ်ငွေကျဆင်းမှုကို ကာမိဖို့ရာ ရွှေထက် အခြားသော ရင်းနှီးမှုတွေဘက်ကို ပိုမို ဦးလှည့်သွားတာမျိုး ဖြစ်လာနေကြောင်း ရွှေစျေးကွက်ကနေ သိရှိရပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၇ ရက်၊ တနင်္ဂနွေနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၈၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၄၅၉၂၂ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၆၀၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၂၇၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။