ဇူလိုင်လ ၈ ရက်နေ့မှာ ကမ္ဘာရွှေစျေး ၂၃၈၂ ဝန်းကျင်ဖြစ်နေသလို ရွှေအသင်းကလည်း စျေးတန်းကို ပြင်ဆင်ပေးလာပါတယ်။
ဇွန်လ တစ်လလုံးနီးပါး ပျောက်ဆုံးသွားတဲ့ ပြင်ပရွှေစျေးတန်း၊ နာမည်ကြီး ရွှေဆိုင်တွေရဲ့ အခေါက်နဲ့ ၁၆ပဲရည် ထုတ်မရောင်းမှုတွေကြောင့် လက်ရှိမှာ ရွှေအပေါ် ရင်းနှီးမြုပ်နှံဖို့ရာ ကြိုးစားမှုတွေ တွန့်ဆုတ်လာနေတဲ့ အခြေအနေလို့ စျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။
ရွှေကို ဘယ်မှာ အရောင်းအဝယ် လုပ်ရမလဲဆိုတာက အမေးများတဲ့ မေးခွန်းဖြစ်လာနေပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၈ ရက်၊ တနင်္လာနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၈၂ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၇၄၈၄၀ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၅၃၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၂၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။