ယူရိုဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းဟာ နယ်သာလန်အသင်းနဲ့ ထိပ်တိုက်တွေ့နေပြီး ဘောလုံးဝေဖန်ရေးသမား ဂယ်ရီနဗီးကတော့ ယုံကြည်ချက်ကောင်းတွေ ရှိနေပါတယ်။
အင်္ဂလန်အသင်းဟာ ကစားပုံမကောင်းဘူးလို့ ဝေဖန်ခံရပေမယ့် အဓိက ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို နောက်တစ်ကြိမ် ရောက်လာပြန်ပါပြီ။ လက်ရှိ အင်္ဂလန်ဟာ တစ်ခုခုတော့ တစ်ခုခုပဲဆိုတာမျိုး အားလုံးရဲ့စိတ်မှာ ခံစားလာရပြီ ဖြစ်ပါတယ်။
ဂယ်ရီနဗီးက ‘ ဆီမီးဖိုင်နယ်ပွဲက သိပ်ကောင်းတဲ့ပွဲဖြစ်လာလိမ့်မယ်။ ဒီအဆင့်ကို ရောက်လာပြီဆိုရင် ကျနော်တို့က ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေနဲ့ပဲ ယှဉ်ပြိုင်ရမှာပါ။
အင်္ဂလန်ရဲ့ ဖိုင်နယ်လမ်းကြောင်းက အခုချိန်ထိ အဆင်ပြေနေပါတယ်။ ဆီမီးဖိုင်နယ်မှာ အဆင့်မှာ ဒါကို မျှော်လင့်ထားပါတယ်။
တစ်ခုခုတော့ ဖြစ်လာနေပါပြီ။ ဒီပြိုင်ပွဲမှာ ဘာတွေဖြစ်မယ်ဆိုတဲ့ ကံကြမ္မာက ရှိနေပြီးပါပြီ။ အင်္ဂလန်အသင်း နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ မိနစ် ၉၀အတွင်းနိုင်တာ ၁ ပွဲပဲ ရှိထားပါတယ်။ ဒါတောင်မှ ကျနော်တို့ ဆီမီးဖိုင်နယ်ကို တက်ထားနိုင်တယ်ဆိုတော့ တစ်ခုခု ဖြစ်လာနေပါပြီ ’ လို့ သူ့အမြင်ကို ပြောပါတယ်။
တွဲဘက် သုံးသပ်သူဖြစ်တဲ့ အင်္ဂလန်ခံစစ်မှူးဟောင်း လက်စကော့ကလည်း ‘ ကျနော်ကတော့ ယုံကြည်မှုရှိတယ်။ ဟောလန်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ် ’ ဆိုပြီး ဝင်ရောက် မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အခြားဘက်မှာတော့ စပိန်နဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့နေတာဖြစ်ကာ ဖိုင်နယ်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုမျိုး မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။