ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းတည်းက တက်လာတဲ့ ပြင်ပရွှေစျေးဟာ ကျပ်ငွေ ၅၇ သိန်းအထက်ကို ရောက်ရှိခဲ့ပါတယ်။
စျေးကွက်မှာ အခေါက်ရွှေအတုံးနဲ့ ၁၆ ပဲရည်တို့ကို အရောင်းအဝယ် လုပ်လို့မရချိန် ပြင်ပရွှေစျေးတက်လာခြင်းက ရွှေပြန်ရောင်းလိုသူတွေအတွက် ကာလတန်ကြေး သိရဖို့လောက်ပဲ အသုံးဝင်နေပါတယ်။ ကမ္ဘာ့ရွှေစျေးကတော့ အနည်းငယ် ကျဆင်းပြီး ရွှေအသင်းစျေး တည်ငြိမ်နေပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၉ ရက်၊ အင်္ဂါနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၇၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၇၆၇၆၈ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၇၇၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၄၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။