တော့တင်ဟမ်စပါး နဲ့ နယ်သာလန် နောက်ခံ ကစားသမား မစ်ကီ ဗန်ဒီဗန် ကတော့ အင်္ဂလန်နဲ့ အာဆင်နယ် တိုက်စစ်သမား ဘူကာယို ဆာကာ ကို ဆီမီးဖိုင်နယ်ပွဲမှာ ရပ်တန့်နိုင်မယ့်သူတွေ သူတို့အသင်းမှာ ရှိထားပြီ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဆာကာနဲ့ ဗန်ဒီဗန် တို့ဟာ ပြိုင်ဘက်တွေ အဖြစ် ထိပ်တိုက်တွေ့ကြတော့မှာ ဖြစ်ပြီး ဗိုလ်လုပွဲကို ဘယ်အသင်းက တက်ရောက်သွားနိုင်မလဲ ရင်ခုန်ဖွယ် ဖြစ်ပါတယ်။
ဆာကာရဲ့ ထူးချွန်တဲ့ အစွမ်းကို အသင်းဖော်တွေအား ဗန်ဒီဗန်က သတိပေးခဲ့သလို ဆာကာ အကြောင်းသိပြီး နောကျေနေသူတွေ ရှိတာကြောင့် အင်္ဂလန်သားကို ရပ်တန့်နိုင်မယ့် သူတွေ သူ့အသင်းမှာ ရှိကြောင်း ပွဲကြိုမှာ အခုလို ပြောဆိုခဲ့တာပါ။
” ဆာကာက နေရာယူမှု ကောင်းကောင်းနဲ့ တကယ့်ကို အံ့ဖွယ် ဘောလုံး သမား တစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်မှာလည်း ဗန်ဒိုက်နဲ့ အကီ ရှိပါတယ်။ သူတို့က ဆာကာ ကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။
” ဗန်ဒိုက်နဲ့ အကီတို့ အပြင် ကျွန်တော်လည်း ဆာကာ အကြောင်း ကောင်းကောင်း သိပါတယ်။ မန်နေဂျာက ကျွန်တေ်ာ့ကို ပွဲထွက်မှာ ထည့်မယ် ဆိုရင်တော့ ကျွန်တော် လုပ်ပြတာ မြင်ကြရမှာပါ။ ” လို့ လည်း ဗန်ဒီဗန်က ကြွေးကြော်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကစားသမားတွေချင်း ပီပီ အင်္ဂလန်သား တိုက်စစ်မှုး ဆာကာ ရဲ့ အစွမ်းကို သိထားပြီး ဖြစ်တာကြောင့် နယ်သာလန် နောက်ခံလူတွေက ကောင်းကောင်း လုပ်ပြနိုင်မယ် လို့ ဗန်ဒီဗန် က ယုံကြည်ထားပါတယ်။