ကမ္ဘာ့ရွှေ အမြင့်တန်းမှာ ဆက်ရှိနေတာကြောင့် ဒီကနေ့မှာ ရွှေအသင်း အဖွင့်စျေးလည်း သိသိသာသာ တက်လာခဲ့ပြီး ၄၆ သိန်းကပ်သွားခဲ့ပါပြီ။

ဇူလိုင်လ ၁၁ ရက်နေ့ ပြင်ပပေါက်စျေးက ၅၈ သိန်း ဝန်းကျင်မှာ ရှိနေကာ စျေးကွက်မှာတော့ ရောင်းချလိုသူတွေ ဝယ်လက်ရှာဖွေမှု များနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၁၁ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၇၉ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၉၃၂၅၉ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၇၈၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၄၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။