ကြာသပတေးနေ့မှာ စတက်သွားတဲ့ ကမ္ဘာ့ရွှေစျေးတန်းဟာ ပြည်တွင်း ရွှေစျေးကို သက်ရောက်လာပြီး ရည်ညွှန်းစျေးတွေပါ တက်လာခဲ့ပါပြီ။

စျေးကွက်အတွင်းမှာ ရွှေရောင်းလိုသူတွေ များနေသလို ပြင်ပပေါက်စျေး မရခြင်းအတွက်လည်း စိတ်ပျက်နေကြပါတယ်။ တဖက်မှာလည်း ရွှေဝယ်ယူလိုသူတွေဟာ ရွှေဆိုင်တွေကနေ ယုံကြည်စိတ်ချစွာ ဝယ်ယူလိုမရတဲ့ အခြေအနေဖြစ်တာမို့ ရွှေစျေးကွက်ကြီး ရပ်တန့်နေဆဲပါ။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၁၂ ရက်၊ သောကြာနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၁၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၅၇၈၂၀ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၈၉၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၄၃၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။