ဖိုင်နယ်ပွဲက အကြိတ်အနယ်ရှိမယ်
အင်္ဂလန်နဲ့ကစားရမယ့် ဗိုလ်လုပွဲဟာ အကြိတ်အနယ်ရှိမယ့် ကြီးကျယ်တဲ့ပွဲဖြစ်ကြောင်း စပိန်နည်းပြက ပြောကြားခဲ့ပါတယ်။
စပိန်နည်းပြ ဖလူရန်တေးက “ယူရိုဗိုလ်လုပွဲဟာ ပြိုင်ဘက် ကစားသမားကောင်းတွေ ခြေစွမ်းက အဲဒီပွဲကို ပိုပြီး စိတ်လှုပ်ရှားစေပါတယ်။ အင်္ဂလန်နဲ့ စပိန်တို့ရဲ့ ဗိုလ်လုပွဲက ကြီးကျယ်တဲ့ပွဲတပွဲ ဖြစ်လာမှာပါ” လို့ ပြောပါတယ်။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၃ ကြိမ် ဗိုလ်စွဲထားပြီး အင်္ဂလန်အသင်းက အမြင့်ဆုံး ဒုတိယသာ ရခဲ့ဖူးပါတယ်။
ချန်ပီယံဖြစ်မယ်လို့ အင်္ဂလန်ပရိသတ်တွေ ယုံကြည်
အင်္ဂလန်အသင်း ယူရိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း အင်္ဂလန် ပရိသတ်တွေက ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြဆောက်ဂိတ် တာဝန်ယူချိန်မှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ပျော်ရွှင်ခွင့်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ကို အနိုင်ရမည့် နည်းဗျူဟာရှိကြောင်း ဆောက်ဂိတ် ကြုံးဝါး
စပိန်အသင်းဟာ ရှုံးထွက်အဆင့်ကစပြီး အင်္ဂလန်အသင်းကစားရတဲ့ရက်ထက် စောပြီး အရင်ကစားခဲ့ရလို့ ဗိုလ်လုပွဲမကန်ခင်မှာ နားချိန်ပိုရနေပါတယ်။
ဒါပေမဲ့ အင်္ဂလန်ကစားသမားတွေ ဗိုလ်လုပွဲအတွက် အသင့်ဖြစ်ပြီး စပိန်ကို နည်းဗျူဟာအရ အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ဆောက်ဂိတ်က ဆိုပါတယ်။
ဝက်ကင်စ်က “အင်္ဂလန်အသင်းအတွက် ယူရိုပြိုင်ပွဲမှာ ကစားပေးခွင့်ရမယ်လို့ ကျနော် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ကျနော် အရမ်းကြိုးစားခဲ့ပါတယ်” လို့ ပြောပါတယ်။