ပြည်တွင်းရွှေစျေးဟာ စံချိန်တင် စျေးတန်းအဖြစ် အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၆၀ ဝန်းကျင် ရောက်ရှိလာပါတယ်။
ဒါပေမယ့် ပြည်တွင်း ဘဏ်တွေကနေ ငွေထုတ်ယူခွင့် အခက်အခဲ၊ စျေးကွက်မှာ အရောင်းအဝယ် ကိစ္စတွေ ပွင့်လင်းမြင်သားစွာ လုပ်ခွင့်မရှိတဲ့ အခက်အခဲတွေကြောင့် ရွှေဘက်ဦးလှည့်မှု နည်းပါးလာပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၁၃ ရက်၊ စနေနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၁၁ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၅၇၈၂၀ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၃၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၈၁၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။