ဒီနွေမှာ အာဆင်နယ် အပါအဝင် ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့တွေ သိပ် ဖြစ်မလာဘဲ နှောင့်နှေးနေကြတာက ပရီးမီးယားလိဂ်ရဲ့ အကျိုးအမြတ်နဲ့ ရေရှည်တည်တံ့ရေး စည်းမျဉ်း PSR ကြောင့်ပဲ လို့ နည်းပြ အာတီတာကတော့ ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာလည်း ဒီလတွေ အတွင်း ပစ်မှတ် ကစားသမားပေါင်း များစွာနဲ့ ပြောဆိုဆွေးနွေးနေပေမယ့် ခေါ်ယူမှု လုပ်တဲ့ အဆင့်ထိ ရောက်မလာပါဘူး။
ကစားသမား အဝင် မရှိတဲ့ အပေါ် မေးခွန်းထုတ်ခံခဲ့ရရာမှာ အာဆင်နယ် နည်းပြ အာတီတာက အခုလို ဖြေရှင်း တုန့်ပြန်လိုက်ပါတယ်။
” တမူထူးခြားတဲ့ နွေရာသီပါပပဲ။ ယူရိုရော ကိုပါအမေရိက ပြိုင်ပွဲလည်း ရှိနေတယ်၊ ဒါလည်း မတူခြားနားတာပါပဲ။ အစစ အရာရာ အားလုံးက နှေးကွေးနေတယ် ဆိုတာ ခင်ဗျားတို့လည်း သိနေမယ် မြင်နေမယ်လို့ ကျွန်တော် ထင်တယ်။
ဈေးကွက်ထဲမှာကလည်း စည်းမျဉ်းအသစ်တွေကြောင့် ကလပ် အသင်းတွေက သတိကြီးကြီး ထားနေရတယ်။ ပြီးခဲ့တဲ့ ရာသီတွေတုန်းကလို ဈေးကွက်ထဲမှာ စိတ်တိုင်းကျ မွှေလို့ မရတော့ဘူး။
ကျွန်တော်တို့လည်း ဒီ စည်းမျဉ်းတွေကို အသားကျအောင် လုပ်ထားရတယ်။ ဈေးကွက်ထဲမှာ အသင်းကို ပိုပြီး တောင့်တင်းအောင် လုပ်ဖို့ လှုပ်ရှားမှာပါ။ အသင်း လူစာရင်းရဲ့ နေရာတိုင်းမှာ တိုးတက်အောင် လုပ်ရမှာပါ။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကို နှစ်ရာသီဆက် လွဲချော်ပြီးတဲ့နောက် အာဆင်နယ် က တတိယအကြိမ် လွဲချော်မှု မဖြစ်အောင် ဒီနွေမှာ ကစားသမားခေါ်ယူမှုတွေ၊ ထပ်မံ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။