ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ အခုနှစ် ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆု ချီးမြှင့်ရာမှာ သွင်းဂိုး အရေအတွက်တူညီနေမယ်ဆိုရင် ပူးတွဲချီးမြှင့်ဖို့ စည်းမျဉ်းပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
မူလက သွင်းဂိုးအရေအတွက်တူညီနေမယ်ဆိုရင် ဂိုးဖန်တီးမှုပိုများတဲ့ ကစားသမားကို ဆုပေးအပ်ခဲ့ တာပါ။
ရုတ်တရတ် ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းသစ်ကြောင့် အင်္ဂလန်အသင်းတိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ဂိုးသွင်းဘုရင်ဆု ပူးတွဲရရှိဖို့ အခွင့်အရေးပိုရှိလာခဲ့ပါတယ်။
ဗိုလ်လုပွဲမတိုင်ခင်အထိ စပိန်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုအပါအဝင် ဟယ်ရီကိန်း၊ ဂတ်ပို၊ မူဆီယာလာ၊ အိုင်ဗန်ရှဟန်းနဲ့ မီခါတာဇာ တို့က သွင်းဂိုး ၃ ဂိုးစီနဲ့ အရေအတွက်တူညီနေတာပါ။
ဗိုလ်လုပွဲမှာ စပိန်ကွင်းလယ်လူ အော်လ်မိုနဲ့ ဟယ်ရီကိန်းတို့က ဂိုးထပ်သွင်းနိုင်ခဲ့မယ်ဆိုရင် နှစ်ဦးတည်း ပူးတွဲ ရယူနိုင်ဖို့ရှိပါတယ်။
အော်လ်မိုဟာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ပေမဲ့ စည်းမျဉ်းသစ်ကြောင့် ဂိုးအရေအတွက်ပိုများမှသာ တဦးတည်း ဆုရရှိနိုင်တော့မှာ ဖြစ်ပါတယ်။