ဝါရင့် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဂရေမီ ဆောင်းနက်က ယူရိုဖိုင်နယ်ပွဲမှာ သမိုင်းဝင် ဆုံးဖြတ်ချက်ကြီး တစ်ခုကို အင်္ဂလန်နည်းပြ ဆောက်ဂိတ် လုပ်ဆောင်ရပါမယ်လို့ အသိပေးလာပါတယ်။
အင်္ဂလန်အသင်းဟာ တိုက်စစ်မှာ ပုံစံကောင်း ပျောက်နေတဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ဖယ်ထုတ်ပြီး ဝတ်ကင် ဒါမှမဟုတ် တိုနေးကို ပွဲထုတ်ဖို့ဆိုတဲ့ ဆွေးနွေးခံရမှုတွေ ရှိနေတာပါ။
‘ နည်းပြဆောက်ဂီတ်က သူ့ရဲ့ ဘဝမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်ကို လုပ်ရပါမယ်။ ဟယ်ရီကိန်းကို ထုတ်မလား ဆက်နေရာပေးမလားပေါ့။
သူ့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ရင် ဆောက်ဂိတ်က တိုင်းပြည်ရဲ့ဟီးရိုး ဖြစ်သွားမှာပါ။ ကျနော်ကတော့ ဟယ်ရီကိန်းကို ပွဲထွက် လူစာရင်းကနေ ထုတ်ထားစေချင်ပါတယ် ’ လို့ ဆောင်းနက်က ပြောပါတယ်။
စပိန်ဟာ အုပ်စုတွင်းမှာ ပွဲတိုင်းနိုင်ခဲ့သလို ရှုံးထွက်တွေမှာလည်း ဂျာမနီ၊ ပြင်သစ်တို့လို အသင်းကောင်းတွေကို ကျော်ဖြတ်လာခဲ့တာပါ။ ပွဲစဉ် ဖြတ်သန်းမှုတွေအရ အင်္ဂလန်က စပိန်ထက်စာရင် ရေပန်းမစားဖြစ်နေပါတယ်။
ဆောင်းနက်ကပဲ ‘ စပိန်က ရေပန်းစားပါတယ်။ ဒါပေမယ့် အနိုင်ယူလို့ မရတာမျိုး မဟုတ်ပါဘူး။ အင်္ဂလန်ကစားသမားတွေ အနေနဲ့ အကြောက်တရားမရှိ ကစားပြီး ဒီပြိုင်ပွဲကို ပထမဆုံးအကြိမ် အနိုင်ရရမယ်ဆိုတဲ့ စိတ်ထားမျိုး ထားရှိရပါမယ် ’ လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။