အာဆင်နယ်အသင်းဟာ အီတလီခံစစ်မှူး ကယ်လာဖီအိုရီကို ခေါ်ယူဖို့ သဘောတူညီမှုရထားပေမယ့် ကစားသမားရဲ့ အသင်းဟောင်းတွေကြား သဘောတူညီမှု မရသေးတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နှောင့်နှေးနေရပါတယ်။

နည်းပြအာတီတာဟာ ဒီနွေအတွက် အဓိက ပစ်မှတ်အဖြစ် ဘိုလော့ညာအသင်းကနေ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့ ဦးတည်းခဲ့ကာ သဘောတူညီမှု ယူနိုင်ခဲ့တာပါ။

ဘိုလော့ညာအသင်းဟာ အာဆင်နယ်အသင်း ကမ်းလှမ်းတဲ့ ကနဦး ယူရို သန်း ၄၀ နဲ့ ထပ်တိုးကြေး ယူရို ၅ သန်းတို့ကို လက်ခံခဲ့ပါတယ်။

အာဆင်နယ်ဘက်က ကယ်လာဖီအိုရီနဲ့လည်း ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ယူထားပြီးပါပြီ။ ဒါပေမယ့် ဘိုလော့ညာနဲ့ ကစားသမားရဲ့ အသင်းဟောင်း ဘေဆယ်တို့ကြား စာချုပ်ပါကိစ္စ သဘောတူညီမှု မရသေးဘူးဖြစ်နေပါတယ်။

မနှစ်ကနွေမှာ ဘေဆယ်အသင်းက ကယ်လာဖီအိုရီကို ဘိုလော့ညာအသင်းထံ ယူရို ၄ သန်းဖြင့် ရောင်းချခဲ့စဉ်မှာ အကျိုးအမြတ်ရဲ့ ၅၀% ခံစားခွင့် ထည့်သွင်းခဲ့ပါတယ်။ လက်ရှိမှာ ဘေဆယ်နဲ့ ကယ်လာဖီအိုရီကြားမှာ အကျိုးအမြတ်ပိုင်း ခွဲဝေဖို့ရာ သဘောတူညီမှု မရသေးတာ ဖြစ်ပါတယ်။

ဘိုလော့ညာကတော့ ကယ်လာဖီအိုရီ ကိစ္စကို မကြာခင်မှာပဲ အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး အာဆင်နယ်ကလည်း ရာသီကြို စတင်မယ့် ဇူလိုင်လ ၂၁ ရက်နေ့ မတိုင်ခင် ကစားသမားကို တရားဝင် လက်မှတ်ထိုးလိုနေတာ ဖြစ်ပါတယ်။