၂၀၂၄ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိနိုင်တဲ့ ကစားသမား စာရင်းမှာ ဗင်နီဆီးယက်နဲ့ ရိုဒရီတို့ ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။

ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ဘလွန်းဒီအောဆုရနိုင်တဲ့ ကစားသမား ၁၀ ဦး စာရင်းမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီဆီးယက်က နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပြီး စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူရိုဒရီက ဒုတိယနေရာမှာရပ်တည်ခဲ့တာပါ။

တခြားကစားသမားတွေထဲမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘယ်လင်ဂမ်၊ စပိန်နဲ့ မက်ဒရစ်နောက်ခံလူ ကာဗာဟယ်၊ ဘာစီလိုနာနဲ့ စပိန်လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်တို့က ထိပ်ဆုံး ၅ ဦးစာရင်းမှာပါဝင်ပါတယ်။

အဲဒီနောက် မက်ဆီ၊ အမ်ဘာပေ၊ ဖိုဒမ်၊ ဟာလန်းနဲ့ တိုနီခရူးစ်တို့က ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ အစဉ်လိုက်ပါဝင်ခဲ့ကြပါတယ်။

စပိန်ကစားသမားတွေဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း တကြိမ်တခါမှ ရယူနိုင်ခြင်း မရှိတော့တာဖြစ်ပါတယ်။