ယူရိုဗိုလ်လုပွဲ ပြီးသွားခဲ့တာဟာ ရက်အနည်းငယ် ကြာပြီ ဖြစ်ပေမယ့် နောက်ဆက်တွဲအဖြစ် နည်းပြဆောက်ဂိတ် ထွက်ခွာသွားသလို ဖိုင်နယ်ပွဲအပေါ် သုံးသပ်မှုတွေကတော့ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။

ဂျရေမီ ဆောင်းနက်စ် ကတော့ အာဆင်နယ် အသင်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ကို ဝေဖန်လိုက်ပြီး အင်္ဂလန်သား ရဲ့ စွမ်းဆောင်ရည် ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် ရိုးစင်း လွန်တယ်လို့ ပြောပါတယ်။

ရိုက်စ်ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ဆောင်းနက်စ်က ” အင်္ဂလန် က တစ်ဂိုး ဂိုး မရှိ နဲ့ အရေးနိမ့်နေချိန်မှာ အကောင်းဆုံး ပုံစံ ပြခဲ့ပါတယ် ။ အဲ့လို အချိန်မှာ သူတို့ အနေနဲ့ စွန့်စားပြီး ရှေ့ကို ပေးပို့မှုတွေ လုပ်ရမှာ ဖြစ်ပေမယ့် ဘေးတွေ အနောက်တွေကို ပတ်ပေးနေခဲ့ပါတယ်။ ”

” ကျနော်ဖြင့် သူတို့ အဲ့ဒီလို ကစားနေတာကိုကြည့်ပြီး စိတ်‌တွေ တိုလိုက်တာဗျာ ။ ကျနော် ရှာဖွေလေ့လာမှု တချို့ လုပ်ကြည့်တော့ ဒက်ကလန်ရိုက်စ် က စပိန် နဲ့ ပွဲမှာ အောင်မြင်တဲ့ ရှေ့ကို ဘောလုံး ပေးပို့မှု ၁ ကြိမ်ပဲ ရှိတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ”

” ကွင်းလယ်လူ တစ်ယောက် က မိနစ် ၉၀ လုံးလုံး ရှေ့ကို ဘောလုံး ပေးပို့မှု အောင်မြင်တာ ၁ ကြိမ်ပဲ ရှိခဲ့တယ် ဆိုတာက မယုံနိုင်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။