အေဂျက် ဂိုးသမားလေး တွန်မီ ဆက်ဖို့ဒ် ဆေးစစ်ဖို့ အတွက် အာဆင်နယ်က booking လုပ်ထားပြီ ဖြစ်ပြီး ပြီးစီးတာနဲ့ ဒီနွေ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် မိတ်ဆက်ကြေညာဖွယ် ရှိပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ အာဆင်နယ်ရဲ့ ရေးစ် နယ်ဆန် ကို စိတ်ဝင်စားနေပြီး ပေါင် ၁၅ သန်း – သန်း ၂ဝ ဝန်းကျင်နဲ့ ကမ်းလှမ်း ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အာဆင်နယ် လူငယ်ကြယ်ပွင့်လေး Henry-Francis ဟာ အိုင်းရစ် ဘောလုံးရာသီကုန်မယ့် နိုဝင်ဘာကုန်ထိ Sligo Rovers အသင်းမှာ အငှား သွားရောက် ကစားမှာ ဖြစ်ပါတယ်။

ဘိုလော့ညာ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူရေးဟာ မထင်မှတ်ဘဲ ကြံ့ကြာနေပြီး ကစားသမားရဲ့ ယခင် ကလပ်ဟောင်း ဘေဆယ်က ပြောင်းရွှေ့ကြေး တဝက် ထိ ရယူလိုနေတာကြောင့် ညှိနှိုင်းမရ ဖြစ်နေပါတယ်။

ဖူလ်ဟမ် အသင်းဟာ စမစ်ရို အတွက် ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပြီး အာဆင်နယ် အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ ဆိုစီဒက် အသင်း ရဲ့ ကွင်းလယ်လူ မီရင်နို ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ဆိုစီဒက် ဘက်ကတော့ အသက် ၂၈ နှစ် အရွယ် စပိန် လက်‌ရွေးစင် အတွက် ယူရို သန်း ၃၀ အလို ရှိနေပါတယ်။

အာဆင်နယ်အသင်း လူငယ် တိုက်စစ်မှူး ချီဒို အိုဘီမာတင် ဟာ ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ လုံးဝ သေချာ သွားခဲ့ပြီ ဖြစ်ပြီး လာမယ့် အပတ်ထဲမှာ သူ့ရဲ့အသင်းသစ် ကို ရွေးချယ် ဆုံးဖြတ် သွားမှာ ဖြစ်ပါတယ်။

တီယာနေး နှင့် ရမ်စ်ဒေးလ် တို့ဟာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အာဆင်နယ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေပြီး နယ်လ်ဆင် ၊ အန်ကီးတီးယား တို့ဟာလည်း အမေရိက ခြေစမ်းပွဲ ကို လိုက်ပါ ကစားမှာ ဖြစ်ပေမယ့် အပြောင်းအရွှေ့ စျေးကွက်မပိတ်ခင် ရောင်းထုတ် ခံရဖို့ ရှိနေပါတယ် ။