လီဗာပူးအသင်းနဲ့ ထရန့်တို့ရဲ့ စာချုပ်သစ်ကိစ္စ ဘယ်လို အခြေအနေရှိနေသလဲ LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြသွားမှာဖြစ်ပါတယ်။
ထရန့်ဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး ၂၀၂၅ နွေမှာ စာချုပ်သက်တမ်း ကုန်တော့မှာပါ။ အသင်းဘက်က သူ့ကို သက်တမ်းတိုးလိုသလို လာလီဂါကလပ် ရီးရဲလ်ကလည်း ထရန့်ကို ခေါ်ယူနိုင်မယ့် အခြေအနေကို စုံစမ်းနေပါတယ်။
အသင်းဟာ ဒီနွေမှာ နည်းပြသစ် အာနယ် ဆလော့အတွက် နည်းပြအဖွဲ့ဝင်တွေကို ကြိုးစား စုစည်းပေးနေခဲ့ကာ ဆေးအဖွဲ့နဲ့ ကြံခိုင်ရေးဆိုင်ရာ နည်းပြတွေအပြင် ဒေတာစိစစ်ရေးသမားတွေကိုလည်း ခေါ်ယူအားဖြည့်နေပါတယ်။
ဒါ့အပြင် ထရန့်ကို သက်တမ်းတိုးနိုင်မယ်လို့ လီဗာပူးအသင်းဘက်က ယုံကြည်မှုရှိနေကာ ယူရိုပြိုင်ပွဲအပြီးမှာ စပြီး တွန်းအားပေးလာနေပြီလို့ သိထားရပါတယ်။
ထရန့်ရဲ့ စာချုပ်သစ်ကိစ္စအတွက် အာနယ် ဆလော့နဲ့ ရစ်ချက်ဟုချ်တို့ စကားပြောရာမှာ အကောင်းမြင်စရာ အခြေအနေတွေ ရှိထားပါတယ်။ စိတ်ဝင်စားစရာကတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီကစပြီး ထရန့်ကို လီဗာပူးအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးဖို့ထိပါ အသင်းဘက်က အကောင်းမြင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုက ဖုံးကွယ်ထားစရာမလိုတဲ့ ကိစ္စဖြစ်ပြီး သူတို့ဘက်က တရားဝင် ချဉ်းကပ်တာမျိုးတွေတော့ မရှိပါဘူး။ ရီးရဲလ်ဟာ ဒီနွေမှာ ထရန့်ကို ခေါ်ယူတာထက် စာချုပ်သစ် သဘောတူညီမှုမရခဲ့ရင် နောက်နှစ်နွေမှာ အလွတ်နဲ့ ခေါ်ယူဖို့ကို ပိုမို စိတ်ဝင်စားပါတယ်။
လီဗာပူးအသင်းဟာ ဒီနွေမှာ ဘယ်လို အကြောင်းကိစ္စပဲဖြစ်လာပါစေ ဗန်ဒိုက်၊ ဆာလာနဲ့ ထရန့်တို့ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။