အဲဗာတန် အသင်း တာဝန်ရှိသူတွေဟာ ဘရန့်ဝိတ် အတွက် ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှုတွေကို လက်မခံဘဲ သူတို့ ဈေးကိုင်နေချိန်မှာ ယူနိုက်တက်က လိုင်လီခံစစ်မှုး ယိုရို ကို ခေါ်ယူလိုက်လို့ အံ့အားသင့် ကျန်ခဲ့ရကြောင်း သိရပါတယ်။
ဘရန့်ဝိတ် အတွက် ယူနိုက်တက် က ဒီနွေမှာ ကမ်းလှမ်းမှု ၂ ကြိမ် ပြုလုပ်ထားပြီး ၂ ကြိမ်လုံး အဲဗာတန်က ပယ်ချခဲ့တာပါ။ နောက်ဆုံး ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေး ၄၅ သန်း + ထပ်ဆောင်ကြေး ၅ သန်း ပါဝင်ပါတယ်။
ယူနိုက်တက်က တတိယအကြိမ် ကမ်းလှမ်းမှု လုပ်မယ့် အစား ယိုရို ခေါ်ယူရေးကိုသာ အားစိုက်ပြီး အပြီးသတ်ဖို့ လုပ်ဆောင်ခဲ့တာပါ။ အဲဗာတန်က ဘရန့်ဝိတ် အတွက် ပေါင် သန်း ၇ဝ လောက် အလိုရှိနေတာပါ။
ဘရန့်ဝိတ်ကို ဆက် မလိုက်တော့ဘဲ ယိုရို ကို ခေါ်လိုက်တဲ့ ယူနိုက်တက် လုပ်ရပ်ကို အဲဗာတန် အသင်း တာဝန်ရှိသူတွေ အံ့အားသင့်နေကြကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်လာခဲ့ပါတယ်။
ယိုရို အတွက် ယူနိုက်တက်က ယူရို သန်း ၅ဝ (ပေါင် ၄၂.၂ သန်း) + ထပ်ဆောင်းကြေး ယူရို ၁၂ သန်း ထိ သုံးခဲ့တယ် လို့ သိရပါတယ်။