ဒီကနေ့မှာ ရွှေအသင်းစျေးက ယမန်နေ့က စျေးတွေအတိုင်းပဲ ရွှေစျေးကို ဖွင့်လာခဲ့ပါတယ်။ ကမ္ဘာ့ရွှေစျေး ကျဆင်းထားပေမယ့် ပြင်ပပေါက်စျေးကတော့ အမြင့်တန်းမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ရွှေစျေးမှာဆိုရင် ရွှေအသင်းစျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေးကြား ကွာဟချက်ကလည်း ကြီးမားနေဆဲဖြစ်ပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၁ ရက်၊ တနင်္ဂနွေနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၆၃၄၃၈ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၅၂၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။