ရီကာဒို ကာလာဖီအိုရီ ရဲ့ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့မှု ဟာ ကလပ် ၂ သင်း အကြား ကိစ္စ အချို့ လုပ်ဆောင်ဖို့ ရှိနေသေးတာကြောင့် လာမယ့် သီတင်းပတ်ထဲမှာမှ အပြီးသတ် နိုင်ဖွယ် ရှိပါတယ်။
အာဆင်နယ် အသင်းဟာ ယနေ့မှာပဲ အသက် ၁၈နှစ် အရွယ်ရှိ အေဂျက်စ် ကြယ်ပွင့် ဂိုးသမား တွန်မီ ဆက်ဖို့ဒ် ကို ပြောင်းရွှေ့ကြေး ယူရို ၁သန်း၊ ၄နှစ် + အပိုတနှစ် သက်တမ်းတိုးခွင့် စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
မာဆေးလ် အသင်းဟာ အန်ကီးတီးယား အတွက် အာဆင်နယ် အသင်းထံ ကနဦး ကမ်းလှမ်းမှု ပြုလုပ်ထားပြီး သဘောတူညီမှု မရသေးပေမယ့် ကလပ် နှစ်သင်းကြား ဆွေးနွေးမှုတွေ စတင် ပြုလုပ် နေပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ မနေ့က လိဂ်ဝမ်းကလပ် လေတန် အော်ရီယန့် အသင်း နဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး စမစ်ရို ၊ ဂျေးဇု တို့ရဲ့ သွင်းဂိုး နဲ့ နှစ်ဂိုးပြတ် အနိုင် ရခဲ့ပါတယ်။
အာဆင်နယ် အသင်း မှာ ပွဲထွက် ကစားသမား ၁၁ ယောက် အဖြစ် ဟိန်း ၊ ဝှိုက် ၊ တင်ဘာ ၊ ဟီးဗန်း ၊ လီးဝစ်စကယ်လီ ၊ ပါတေး ၊ အော်ဒီဂတ် ၊ နယ်လ်ဆင် ၊ ဗီအဲရာ ၊ ဂျေးဇု ၊ အန်ကီတီးယား တို့ ပါဝင်ခဲ့ကြပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ နယ်လ်ဆင် ကို အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့ ခေါ်ယူဖို့ ရည်မှန်း နေပါတယ်။ ဒါပေမဲ့ အာဆင်နယ် ဘက်ကတော့ နယ်လ်ဆင် ကို အငှားချဖို့ထက် အပြီးသတ် ရောင်းချင်နေပြီး ပေါင် ၁၅ သန်းလောက်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ် ရှိနေပါတယ်။