အာဆင်နယ် အသင်းဟာ အမေရိကန် ရာသီကြို ခရီးစဉ် အဖြစ် တနင်္လာနေ့က Los Angeles, California သို့ ရောက်ရှိသွားပါပြီ။ ဒီ ခရီးစဉ်မှာ အာဆင်နယ်အသင်းနဲ့အတူ လိုက်ပါသွားတဲ့ ၂၆ ဦး လူစာရင်းကိုလည်း အသင်းက ထုတ်ပြန် ကြေညာသွားပါတယ်။

ဒီ လူစာရင်းမှာ တိုမီယာစုနဲ့ တီရာနေးတို့က ဒဏ်ရာကြောင့် မပါနိုင်ခဲ့သလို အဓိက ကစားသမားအချို့ ပါဝင်သွားဖွယ် မရှိပါဘူး။

ဘယ်အစွန်လူ တိုမီယာစုက ဒူးဒဏ်ရာ၊ ဘယ်အစွန်လူ တီရာနေးကလည်း ယူရိုမှာရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကနေ သက်သာလာအောင် ကုသရမှာမို့ လန်ဒန်မှာ ကျန်ခဲ့ပါမယ်။

အိုဒီဂတ်၊ ဂျေးဆု ဦးဆောင်တဲ့ အာဆင်နယ်ရဲ့ ရာသီကြို ခရီးစဉ် လိုက်ပါတဲ့ ၂၆ ဦးပါ လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers: Karl Hein, Tommy Setford, Lucas Nygaard, Alexei Rojas.

Defenders: Ben White, Oleksandr Zinchenko, Jurrien Timber, Josh Nichols, Jakub Kiwior, Ayden Heaven, Omar Rekik.

Midfielders: Thomas Partey, Jorginho, Michal Rosiak, Myles Lewis-Skelly, Martin Odegaard, Emile Smith Rowe, Fabio Vieira, Ethan Nwaneri, Salah–Eddine Oulad M’Hand, Jimi Gower.

Forwards: Leandro Trossard, Reiss Nelson, Charles Sagoe Jr, Gabriel Jesus, Eddie Nketiah.

ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်ထိ ရောက်ခဲ့တဲ့ ဒီကလန်ရိုက်စ်၊ ဆာကာ၊ ရမ်စ်ဒယ်၊ ဆာလီဘာ၊ ရာယာတို့ဟာ ဆက်လက် အနားယူရမှာဖြစ်ကာ အမေရိကန် ခရီးစဉ် အဆုံးသတ်ပိုင်းကျမှ ပူးပေါင်းမှာပါ။

လက်ရှိမှာတော့ အာဆင်နယ်ဟာ California မှာ ရာသီကြို လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပါပြီ။