ကမ္ဘာလှည့်ခရီးသွားတွေအတွက် အန္တရာယ်အရှိဆုံး မြို့ကြီး ၃ ခုထဲမှာ မြန်မာနိုင်ငံက ရန်ကုန်မြို့လည်း ပါဝင်နေတယ်လို့ နာမည်ကျော် Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။
အဆိုပါ မဂ္ဂဇင်းကနေပြီး ကမ္ဘာလှည့် ခရီးသွားတွေအတွက် နှစ်စဉ်တိုင်းမှာ ခရီးထွက်သင့်တဲ့ အလုံခြုံဆုံး မြို့ကြီးများနဲ့ ခြေဦးမလှည့်သင့်တဲ့ အန္တရာယ်အရှိဆုံး မြို့များကို ဖော်ပြပေးလေ့ရှိတာပါ။
Forbes ကတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ခရီးသွားလာမှုဘေးကင်းရေး အဆင့် သတ်မှတ်ချက်တခု ဖန်တီးနိုင်ဖို့အတွက် စံနှုန်း တွက်ချက်မှုတွေဖြင့် တိုင်းတာကြောင်း ဖော်ပြပါတယ်။
ရာဇ၀တ်မှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံ၊ သဘာဝဘေးအန္တရာယ်နဲ့ ဒီဂျစ်တယ်လုံခြုံရေးစတာတွေ အပါအဝင် တိုင်းတာတွက်ချက်မှု အမျိုးအစား ၇ ခုနဲ့ နိုင်ငံတကာက မြို့ပေါင်း များစွာကို နှိုင်းယှဉ်လေ့လာခဲ့တာလို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချရမှု အရှိဆုံး နိုင်ငံများစာရင်းမှာ အရှေ့တောင်အရှ နိုင်ငံဖြစ်တဲ့ စင်္ကာပူ ထိပ်ဆုံးမှ ပါဝင်လာချိန် မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့ကိုတော့ ဗင်နီဆွဲလားမြို့တော်၊ ပါကစ္စတန်မြို့တော်တို့ရဲ့ နောက် အန္တရာယ်အရှိဆုံး မြို့ကြီးများစာရင်းမှာ တတိယနေရာက ထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။