ယနေ့မှာ ရွှေစျေးတွေ အနည်းငယ်စီး ပြန်တက်လာပါတယ်။ ရွှေအသင်းစျေးပဲ ရောင်းရမယ်လို့ သတိပေးခံထားရတဲ့ ရွှေဆိုင်တွေဟာ ပြင်ပစျေးနဲ့ ကိုက်ညီအောင် အလျော့တွက်တွေ ပိုတင်လာကြပါတယ်။
ရွှေ ၁ ကျပ်သား အထည်တစ်ခုအတွက် အလျော့တွက် ၅ ပဲလောက် ရှိနေကာ အချို့ဆိုင်တွေမှာတော့ ၇ ပဲဝန်းကျင်ရှိ များပြားနေပါတယ်။
လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၅၃၄၃၈ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၄၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၉၀၀၀၀ ကျပ်