ဂျာမနီနဲ့ လီဗာပူး ကစားသမားဟောင်း ဒီဒီ ဟာမန်းက လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့အထက်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ကြိုတင် ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်း သွားနေတဲ့ပုံစံက ပြီးခဲ့တဲ့ ရာသီတွေကထက် ပိုမို စနစ်တကျ ရှိလာသလို နောက်ထပ် ကစားသမား ဖြည့်တင်းမှုတွေပါ လုပ်ဆောင်သွားဖို့လည်း ရှိနေတာကြောင့် အခြေအနေကောင်းနိုင်ကြောင်း ဟာမန်းက ယူဆခဲ့တာ ဖြစ်ပါတယ်။

“ မန်စီးတီးက သူတို့ အမြဲတမ်း ရပ်တည်နေတဲ့ နေရာမှာ ဆက်ပြီး မမြင်တွေ့ရဖို့ ဆိုတာက ခက်ခဲပါတယ်။ နောက်ပြီး အာဆင်နယ်နဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ မသေချာဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ပါပဲ။ ”

“ မန်စီးတီးပြီးရင် အဆင့်(၂)နေရာမှာ မန်ယူနိုက်တက် ရှိနေမယ်လို့ ထင်ပါတယ်။ ယူနိုက်တက်က အခု သူတို့ချိတ်ဆက်နေတဲ့ ကစားသမားတွေပါ ထပ်ခေါ်နိုင်မယ်ဆိုရင် အဆင့်(၂)နေရာမှာ ရှိနိုင်ပါတယ်။ ”

“ ပြီးရင်တော့ အာဆင်နယ်က အဆင့်(၃) လီဗာပူးလ်က အဆင့်(၄)ပါ။ မန်ယူနိုက်တက်က ဒီရာသီမှာ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ကိုဘီ မိန်နူးက ယူနိုက်တက်အသင်းအတွက် အရေးအပါဆုံး ကစားသမားပါ ဖြစ်လာပါလိမ့်မယ်။” လို့ ဟာမန်းက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။