မန်ယူဟာ ပဲလေ့စ်နောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် အကြိုဆွေးနွေးမှု ပြုလုပ်နေပါပြီ။ ပဲလေ့စ်ဟာ မန်ယူရဲ့ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းလာမှုကိုတော့ ပယ်ချထားလို့ ပေါင်သန်း ၆၀ ပေးရဖွယ် ရှိနေပါတယ်။

မန်ယူလူငယ်ကြယ်ပွင့်လေး မက်တော်မီနေးက ရာသီကြို ပြင်ဆင်မှုတွေမှာ အသင်းနဲ့အတူ ပူးပေါင်းဖို့ ကြံ့ခိုင်မှု အဆင်သင့်ဖြစ်နေကြောင်း ထုတ်ကြွားသွားပါတယ်။

မန်ယူအသင်း ခံစစ်သမားကြီး လင်ဒီအော့က နာမည်ကျော် ကစားသမားကောင်းတွေ အသင်းကို ရောက်လာဦးမယ်လို့ မျှော်လင့်နေပြီး သူတို့တွေနဲ့အတူ ပေါင်းစပ်ကာ ရာသီသစ်အတွက် ပြိုင်ပွဲဝင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ ဆိုပါတယ်။

ပေါ့ဘာဟာ မကြာခင်မှာပဲ မန်ယူကနေ ထွက်ခွာခွင့် တောင်းတော့မယ်လို့ သိရပါတယ်။ မန်ယူဘက်က ယူရို သန်း ၁၈၀ တောင်းဆိုနေတဲ့ ကစားသမားအတွက် ရီးရဲလ်မက်ဒရစ်က ယူရို ၁၂၅ သန်းနဲ့ ဆုကြေးတွေ ပေးပြီး ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၀က်စ်ဟမ်း ခံစစ်မှူး အစ်ဆာ ဒိုင်အော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၄င်းအတွက် ပေါင် ၄၅ သန်းနဲ့ ကစားသမားတစ်ယောက် အလိုက်ပေး ခေါ်ယူလိုနေပါတယ်။ ၀က်စ်ဟမ်းဘက်ကတော့ ဒိုင်အော့အတွက် ပေါင် သန်း ၆၀ မရရင် လက်ခံစဉ်းစားဖို့ မရှိဘူးလို့ ဆိုထားပါတယ်။

Gremio အသင်းတိုက်စစ်မှူး အဲဗာတန်က မန်ယူအသင်းကို ပြောင်းဖို့ စိတ်ဝင်စားသလားဆိုတဲ့ မေးခွန်းအား ထိပ်တန်းအဆင့်တွေမှာ အမြဲတမ်း ကစားလိုသူပါဆိုပြီး မီးစိမ်းပြခဲ့ပါတယ်။

မန်ယူအသင်းဟာ မိုနာကို ဆယ်ကျော်သက်လေး Hannibal Mejbri အတွက် ပေါင် ၃.၅ သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် ကစားသမားကို လိုင်ယွန်ကလည်း ကြိုးစားနေပါတယ်။

မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ အာရှခရီးစဉ်အတွက် ဆက်လက် ထွက်ခွာနေဆဲဖြစ်ပြီး လက်ရှိမှာ တရုတ်ပြည်က ရှန်ဟိုင်းမြို့ကို ရောက်ရှိနေပါတယ်။

အပြောင်းအရွှေ့တွေမှာ သတင်းကြီးနေတဲ့ လူကာကူက အားလပ်ရက်ကို အကောင်းဆုံး ကျော်ဖြတ်နေကြောင်း အင်စတာဂရမ်ကနေ ပိုစ့်တင်ခဲ့ပါတယ်။ သူ့ပိုစ်မှာ သူ့ရဲ့အေးဂျင့်က အရေးကြီး မက်ဆေ့ပိုထားတာကို အကြောင်းပြန်ဦးလို့ ဝင်ပြောသွားပါတယ်။

မန်ယူအသင်းဟာ ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့အတွက် လုံးဝ နောက်ဆုတ်ခဲ့ပြီဖြစ်ပြီး ပီအက်ဂျီနဲ့ ဘာစီလိုနာတို့ကပဲ ကမ်းလှမ်းမှုတွေကို ဆက်လုပ်နေပြီလို့ သိရပါတယ်။

ဒန်နီရယ်ဂျိမ်းဟာ မန်ယူအသင်းကို ပြောင်းဖို့အတွက် အသင်းဖော် Oliver McBurnie ကို မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ ဝန်ခံပါတယ်။ အဆိုပါ ကစားသမားဟာ မန်ယူလူငယ်အသင်းအတွက် ကစားပေးခဲ့ဖူးသူဖြစ်ပါတယ်။

မန်ယူပရိသတ်တွေက အသင်းတိုက်စစ်မှူး လူကာကူ အသင်းကနေ ထွက်ခွာမယ်ဆိုရင် မာရှယ်ကို ကျောနံပါတ် ၉ ပြန်ယူတာမျိုး မြင်လိုပါကြောင်း ထုတ်ဖော်ပြောဆိုနေပါတယ်။ ၂၀၁၅ ခုနှစ်မှာ မိုနာကိုကနေ ပြောင်းလာခဲ့တဲ့ ပြင်သစ်သားဟာ ပထမဆုံးအဖြစ် ကျောနံပါတ် ၉ ကို ဝတ်ဆင်ခဲ့တာပါ။