Capology က လာမည့် ၂၀၂၄-၂၅ ရာသီ ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရကစားသမား (၁၀)ဦးကို ဖော်ပြခဲ့ရာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒိုက တစ်နှစ်လစာ ယူရိုသန်း (၂၀၀) ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပါတယ်။
ဒုတိယနေရာမှာ အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘန်ဇီမာနှင့် အယ်လ်ဟီလာတိုက်စစ်မှူး နေမာတို့ တစ်နှစ်လစာ ယူရိုသန်း (၁၀၀)စီ ဖြင့် ပူးတွဲရပ်တည်နေကြ ရော်နယ်ဒိုက ၎င်းတို့ထက် (၂) ဆပိုများနေခြင်းဖြစ်သည်။
စတုတ္ထနေရာတွင် အယ်လ်အာလီတောင်ပံကစားသမား မာရက်ဇ်က တစ်နှစ်လစာ ယူရို (၅၂.၅)သန်းဖြင့် ရပ်တည်နေပြီး ပဥ္စမနေရာတွင် အယ်လ်နာဆာတိုက်စစ်ကစားသမား မာနေက တစ်နှစ်လစာ ယူရိုသန်း (၄၀) ဖြင့် ရပ်တည်နေသည်။
မာနေ၏နောက်တွင် ကူလီဘာလီ၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ကွန်တေနှင့် လာပေါ့တ်တို့က အဆင့်(၅)မှ အဆင့် (၁၀) အတွင်း အစဉ်လိုက်ရပ်တည်နေကြကြောင်း သိရသည်။
အသက် (၃၉) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သည်။
အယ်လ်နာဆာအသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။