ပြင်ပစျေးကွက်မှာ အခေါက်ရွှေ ဈေးနှုန်းတွေ အခုတစ်ပတ်အတွင်းမှာပဲ ဆက်တိုက်မြင့်တက်လာပေမယ့် ကမ္ဘာ့ရွှေကျဆင်းသလို ရွှေအသင်းစျေးလည်း ကျဆင်းနေပါတယ်။

ပြည်တွင်းမှာ ဘဏ်နဲ့ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုတွေအရ ရွှေစျေးဟာအမြင့်တန်းမှာ ရှိနေဆဲဖြစ်ပေမယ့် ရွှေဆိုင်ကြီးတွေရဲ့ မတူညီတဲ့ ပုံစံမျိုးစုံနဲ့ ရောင်းချမှုမှာ ဝယ်သူတွေပဲ ရောင်းရှုံး ဝယ်ရှုံးအခြေအနေဖြစ်နေတာမို့ အဝယ်သမားတွေ ဂရုစိုက်ကြဖို့ ဝါရင့် ရွှေသမားတွေက သတိပေးနေကြပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၆ ရက်၊ သောကြာနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၁၆ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၉၂၂၆၃ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၆၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၉၀၀၀၀ ကျပ်