မန်စီးတီး ကစားသမားဟောင်း ဖြစ်သလို လက်ရှိ အာဆင်နယ် အသင်းသား ဖြစ်တဲ့ ဇင်ချန်ကိုက ဂန်းနားတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ စီးတီး လို လိုက်လုပ်ဖို့ မလိုကြောင်း သူ့အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အာဆင်နယ် အသင်းဟာ သူ့ ကိုယ်ပိုင်ဟန်နဲ့ပဲ မန်စီးတီးကို ကျော်ပြီး ချန်ပီယံဖြစ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ကြောင်းနဲ့ စီးတီး ပုံစံ လိုက်တု စရာ မလိုဘဲ ကိုယ်ပိုင်သမိုင်းကို ကိုယ့်ပုံစံနဲ့ပဲ ရေးထိုးရမယ်လို့ ဆိုလာပါတယ်။
ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် မန်စီးတီးရဲ့ ဖလားပြိုင်ဘက်ဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီနွေမှာ အင်အားဖြည့်မှုတွေနဲ့အတူ အရင် ရာသီတွေ မအောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားအိပ်မက်ကို အသက်သွင်းဖို့ ပြင်ဆင်နေတာပါ။
အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ စီးတီးလို လုပ်ဖို့ လိုမလား မေးခံရချိန်မှာ ဇင်ချန်ကိုက အခုလို တုန့်ပြန်ခဲ့ပါတယ်။
” ကျနော်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မန်စီးတီး အသင်းလို ပုံစံမျိုး လုပ်တု၊ ကော်ပီလိုက်လုပ်နေဖို့ ကြိုးစားသင့်တယ် မထင်ပါဘူး။ ဒီအခြေအနေမှာ သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းပဲ ဖြစ်ပါတယ်။
နောက်ဆုံး ၂ နှစ်မှာ သူတို့ ဖလားတွေ အနိုင်ရခဲ့တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အတော်လေး အံ့ဩစရာပါပဲ။
အမြဲတမ်း အကောင်းဆုံးဖြစ်အောင် အားထုတ်ရမယ် ဆိုပေမယ့် သူတို့လို လိုက် တုတာထက် သူတို့ကို ကျော်ပြီး ဇယားထိပ် တက်ဖို့ပဲ လိုတာပါ။ ” လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ခံစစ်မှူး ကယ်လာဖီအိုရီကို ခေါ်ယူဖို့ သဘောတူညီမှု ရထားသလို တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ပါ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။