မန်ယူအသင်းဟာ ဝက်ဟမ်းအသင်းရဲ့ ခံစစ်မှူး Issa Diop ကို ပေါင် ၄၅ သန်း + ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနေပြီဖြစ်ပါတယ်။ Diop ဟာ မနှစ်ကရာသီ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်လို့ ထိပ်တန်းအသင်းတွေကလည်း စိတ်ဝင်စားနေတာပါ။

မနှစ်က နွေအပြောင်းအရွှေ့ကမှ ပြင်သစ်လိဂ်ကနေ ပေါင် ၂၂ သန်းနဲ့ ပြောင်းလာခဲ့သူဟာ တိုတောင်းလှတဲ့ အချိန်အတွင်း အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေကို ပြသထားပါတယ်။ ဝက်ဟမ်းဘက်ကတော့ သူ့ကို ပေါင် သန်း ၆၀ ပေးမှ ခေါ်ယူခွင့်ပေးမယ်လို့ သိလာရတယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ခံစစ်အားဖြည့်ဖို့ ဦးစားပေးတွေအဖြစ် နာပိုလီမှ ကူလီဘာလီနဲ့ လက်စတာမှ မက်ဂွဲရားတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပေါင် သန်း ၁၀၀ နဲ့ ပေါင် သန်း ၈၀ တောင်းဆိုခံရမှုတွေ ရှိခဲ့သလို ဒီလစ်အတွက်လည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး လုပ်ခလစာ တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။

ခံစစ်မှူးသစ် ခေါ်ယူဖို့ဟာ မန်ယူရဲ့ ဦးစားပေး ကိစ္စဖြစ်ပြီး ဒီအပတ်တွေထဲမှာ အရှိန်မြင့်လာဖို့ ကြိုးစားလာတာဖြစ်တယ်။ မန်ယူဘက်ကတော့ လူကာကူကို ကမ်းလှမ်းနေတဲ့ အင်တာမီလန်အား ငွေသားနဲ့ ခံစစ်သမား မီလန် စက္ကရီနဲကို အလိုက်ပေးဖို့ တောင်းဆိုထားပါသေးတယ်။

မန်ယူဟာ နွဈေးကွက်မှာ ကစားသမားအင်အားဖြည့်မှုတွေ အကြီးအကျယ်လုပ်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေပေမယ့် လက်ရှိ အချိန်ထိ ဂျိမ်းတစ်ဦးကိုပဲ ခေါ်ယူထားနိုင်တာပါ။