ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနားအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်က အခြေမလှခဲ့ပဲ ကိုလံဘီယာကို ၂-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။

အာဂျင်တီးနားဟာ ပထမပိုင်း ကစားပုံ ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ အခွင့်အရေးတွေကို အသုံးချနိုင်တဲ့ ကိုလံဘီယာက ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပြီး ရလဒ်ကို သေချာစေခဲ့တာပါ။ ဒီရှူံးပွဲကြောင့် အာဂျင်တီးနားဟာ ဝေဖန်မှုတွေနဲ့ ဖိအားတွေအောက်ကို ရောက်လာခဲ့ပါတယ်။

မက်ဆီက” ရှုံးပွဲကနေ ကောင်းကျိုးတွေ ယူနိုင်ဖို့လည်း လိုပါတယ်။ ကျနော်တို့တွေ လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရမှာပါ။ ဒီအချိန်က တစ်ဦးနဲ့တစ်ဦး အပြစ်တင်ရမယ့် အချိန် မဟုတ်ပါဘူး။ လာမယ့် ပွဲတွေအတွက် ခေါင်းမော့ပြီး ရှေ့ဆက်ရမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေ အများကြီး ကျန်နေပါသေးတယ်။

သူတို့က ဘောလုံးကို အကောင်းဆုံးကိုင်ကစားခဲ့ပေမယ့် သူတို့ အခွင့်အရေးကောင်းတွေ အများကြီးတော့ မရခဲ့ဘူး။ ဒုတိယပိုင်း ကျနော်တို့ တိုက်စ်စဖွင့်ကစားရာမှာ သူတို့ ဂိုးရရှိခဲ့ပါတယ်။ ကျနော်တို့ အကောင်းဆုံး ကစားခဲ့ပေမယ့် သူတို့ ကောင်းမွန်တဲ့ သွင်းဂိုး ရရှိခဲ့ပြီး ပွဲကို အရေးနိမ့်စေခဲ့ပါတယ် ” လို့ ပြောသွားခဲ့ပါတယ်။

မက်ဆီပါဝင်တဲ့ အာဂျင်တီးနားဟာ ကိုပါအမေရိကပြိုင်ပွဲကို နှစ်နှစ်ဆက်တိုက် ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း နှစ်ကြိမ်လုံး ဒုတိယနေရာကနေပဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။