အင်္ဂလန် ထိပ်သီးအသင်းတွေရဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်တွေ အပြီးသတ်ကြပြီဖြစ်ကာ ပရီးမီးယားလိဂ် ရာသီသစ်အတွက် ပြင်ဆင်ဖို့ ပြန်လာနေကြပါပြီ။
ခြေစမ်းပွဲတွေကစားခဲ့ကြအပြီး လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီအကုန်မှာ ချန်ပီယံက ဘယ်အသင်း ဖြစ်မလဲနဲ့ အမှတ်ပေးဇယား ရပ်တည်မှု အဆင့်တွေက ဘယ်လို ထွက်ပေါ်လာမလဲ ဆိုတာကို နာမည်ကြီး စူပါကွန်ပျူတာ BETSiE ကနေ တွက်ထုတ်မှုအား အင်္ဂလန်သတင်းဌာန Metro က အခုလို ဖော်ပြပါတယ်။
စူပါကွန်ပျူတာကတော့ မန်ချက်စတာ စီးတီးအသင်းကပဲ ၅ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်ဦးမှာဖြစ်ပြီး အာဆင်နယ်တို့ ၃ ရာသီမြောက် ကပ်လွဲ ဒုတိယလူ ဖြစ်ဦးမယ်လို့ တွက်ချက်ထားတယ်။
Top four ထဲမှာ အဆင့် ၃ နေရာကအသင်းဟာ နည်းပြအာနယ် ဆလော့ရဲ့ လီဗာပူးဖြစ်ပြီး အဆင့် ၄ အဖြစ် နောက်ဆုံးပါလာမယ့် အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါလိမ့်မယ်။
အဆင့် ၅ နဲ့ ၆ နေရာတို့ကို ချယ်ဆီး၊ စပါးတို့ရရှိမှာဖြစ်ကာ အဆင့် ၇ မှာတော့ နယူးကာဆယ်အသင်း ရှိနေပါလိမ့်မယ်။
တန်းဆင်းမယ့် ၃ သင်းကတော့ တက်လာခဲ့တဲ့ လက်စတာစီးတီး၊ ဆောက်သမ်တန်နဲ့ အစ်ဝစ်ချ် အသင်းတို့ပဲ တခါတည်း တန်းပြန်ဆင်းမယ် လို့ လို့ စူပါကွန်ပျူတာက ဖော်ပြခဲ့ပါတယ်။