ချယ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပေမယ့် တရားဝင် ကမ်းလှမ်းမှု မရသေးတဲ့ ဖရန့်လမ်းပတ်က လက်ရှိ ဒါဘီအသင်းနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စ ဆွေးနွေးမှု စတင်ထားတယ်လို့ သိရပါတယ်။ လမ်းပတ်ရဲ့ လက်ရှိစာချုပ်က သက်တမ်း ၂ နှစ် ကျန်ရှိသေးပြီး ဒါဘီအသင်းက ယခင်တည်းက ဘောလုံးရာသီအကုန်မှာ ကာလရှည် သက်တမ်းတိုးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်သာ ချယ်ဆီးကို တာဝန်ယူရရင် ပထမဆုံး ဖြေရှင်းရမယ့် ပြဿနာက နောက်ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အခုထိ သက်တမ်း မတိုးနိုင်သေးတဲ့ အိုဒွိုင်း ကိစ္စ ဖြစ်လာပါမယ်။

အပြောင်းအရွှေ့ ပိတ်ပင်ခံထားရမှုကြောင့် ချယ်ဆီးအသင်းမှာ ကစားသမားသစ်အဖြစ် ဇန်နဝါရီလက ခေါ်ယူထားတဲ့ ပူလာဆစ်သာ ရှိမှာ ဖြစ်တဲ့အတွက် ချယ်ဆီးနည်းပြသစ် ဖြစ်လာသူက အေဘရာဟမ်၊ မေဆင်မောင့်၊ ရီးစ်ဂျိမ်းစ်နဲ့ တိုမိုရီတို့ကို လူငယ်တွေကို ဘယ်လိုနေရာပေး အသုံးပြုမလဲဆိုတာ မေးခွန်းတစ်ရပ် ဖြစ်လာပါတယ်။

စာချုပ်သက်တမ်းကုန်တော့မယ့် ချယ်ဆီး လက်ထောက်နည်းပြ ဇိုလာက အအသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး ၄င်း နေရာကို မောရစ် အစား ဝင်လာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လမ်းပတ်ရဲ့နည်းပြအဖွဲ့ထဲမှာ ချယ်ဆီး ဂန္ထဝင်ကစားသမားတွေ ဖြစ်ကြတဲ့ ဒရော့ဘာ၊ မက်ခီလီလီတို့လည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာအသင်းမှာ အငှားသွားရောက် ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ချယ်ဆီး တိုက်စစ်သမား Tammy Abraham က မိခင်ကလပ်အသင်းထံ ပြန်လာပြီး ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ချယ်ဆီးကနေ ရီးရဲလ်သို့ ပြောင်းသွားတဲ့ အီဒင်ဟာဇက်ဟာ ဘာနေဗျူးမှာ လစာငွေ ပေါင် (၄)သိန်းအထိ ရရှိမယ်လို့ သတင်းများ ထွက်ပေါ် လာခဲ့ပါတယ်။ ဟာဇက်ရဲ့ မြင့်မားတဲ့ လစာအပေါ် ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက မကျေမနပ်ဖြစ်နေတယ်လို့ စပိန်သတင်းများမှာ ဖော်ပြနေပါတယ်။

ဘရာဇီးသား ကွင်းလယ်ကစားသမား ဖိလစ် ကော်တင်ညိုက ဘာစီလိုနာမှာ ရုန်းကန်နေရတာကြောင့် လန်ဒန်ကလပ် ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ကော်တင်ညိုကို ခေါ်ဖို့ မန်ယူ၊ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ ချယ်ဆီးကို ရွေးချယ်လိုနေတာပါ။