ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက် ခေါ်ယူထားတဲ့ ကစားသမားတွေထဲ ပရီးမီးယားလိဂ်မှာ ဂျင်းဖြစ်သွားမယ့်သူတစ်ဦး ပါဝင်နေတယ်လို့ သရဲနီဟောင်းတွေနဲ့ ဝါရင့် သုံးသပ်သူတွေ ဝေဖန်နေကြပါတယ်။

မန်ယူအသင်းဟာ ခံစစ်အတွက် နယ်သာလန်သား ဗဟိုခံစစ်မှုး ဒီလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၈.၆ သန်း အပြင် ထပ်ဆောင်းကြေး ပေါင် ၄.၃ သန်းဖြစ် ခေါ်ယူခဲ့ရာမှာ များစွာ ဝေဖန်ခံနေရတာပါ။

ပေါစခိုးလ်က ဒီလစ်ဟာ ဒုတိယတန်းစား ကစားသမား ဖြစ်ကြောင်းပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ဖာဒီနန်ကလည်း ဒီလစ်ရဲ့ ကစားသမားဘဝဟာ ဂျူဗင်တပ်မှာတည်းက နိဂုံးချုပ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

စကိုင်းစပေါ့ သုံးသပ်သူဟောင်း ဂရေမီ ဆောင်းနက်ကလည်း ‘ ဒီလစ်ကို ကျနော် သံသယရှိပါတယ်။ လူငယ်ဘဝမှာ သူက စတားဖြစ်ခဲ့ပေမယ့် အဲ့နောက်ပိုင်း တိုးတက်လာမှု မရှိပါဘူး။ သူ့ကို လိုချင်တဲ့ ပရီးမီးယားလိဂ်ကလပ် ရှိမယ်လို့လည်း မထင်မိပါဘူး ’ လို့ သုံးသပ်လိုက်တာဖြစ်ပါတယ်။