မန်ယူဟာ အသင်း တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ လစာ ပေါင် သုံးသိန်းခွဲခန့် ရရှိဖို့ တောင်းဆိုထားပါတယ်။

မန်ယူအသင်းမှ ထွက်ခွာချင်ကြောင်း ပေါ့ဘာက စကားစလာပါတယ်။ သူက စိန်ခေါ်မှုအသစ်အတွက်
တစ်နေရာကို ကျွန်တော်စဉ်းစားနေပါပြီ လို့ ဆိုလာတာ ဖြစ်ပါတယ်။

စီးရီးအေကလပ် ဂျူဗင်တပ်ကတော့ ကန်ဆယ်လိုကို အင်္ဂလန်ကလပ် တစ်သင်းထံ ပေါင် ၄၅ သန်းနဲ့ ရောင်းထုတ်ဖို့ စကားပြောနေပြီး အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီ ညာအစွန်လူကို ဈေးပြိုင်ပေးမယ့် အင်္ဂလန်ကလပ်တွေ ပေါ်လာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၆၀ ဝန်းကျင်ထိ တက်သွားမယ်လို့ တွက်ချက်ထားပါတယ်။

မန်ယူဟာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ ဘယ်ဂျီယံ ကစားသမား တိုင်လီမန်းစ်ကို ခေါ်ယူဖို့အတွက် မိခင်ကလပ်အသင်းဖြစ်တဲ့ မိုနာကိုအသင်းထံ ဆက်သွယ် မေးမြန်းမှုများ ပြုလုပ်ထားပါတယ်။

လက်စတာမှာ အငှားလာကစားတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်သမား တိုင်လီမန်းစ်ရဲ့ ခြေစွမ်းကို နည်းပြဆိုးရှားက သဘောကျနေပြီး လက်စတာနဲ့ အပြိုင် ခေါ်ရဖွယ် ရှိကာ ပေါင် သန်း ၄၀ ခန့် သုံးမှ ခေါ်ယူရနိုင်ဖွယ် ရှိပါတယ်။

ညာနောက်ခံလူနေရာအတွက် ဝမ်ဘစ်ဆာကာကို လာမယ့်အပတ်မှာ ဆက်လက်ညိနှိုင်းမှာ ဖြစ်ပေမယ့် အဆင်မပြေခဲ့ရင် နယ်သာလန်လိဂ်မှ အသက် ၂၃ နှစ်အရွယ် ညာနောက်ခံလူ ဒမ်ဖရီးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တွန်းအားပေးမှုကြောင့် ပေါ့ဘာဟာ မကြာခင်မှာပဲ မန်ယူကနေ ထွက်ခွာခွင့် တောင်းတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မန်ယူဘက်က ယူရို သန်း ၁၈၀ တောင်းဆိုနေပြီး ရီးရဲလ်မက်ဒရစ်က ယူရို ၁၂၅ သန်းနဲ့ ဆုကြေးတွေ ပေးပြီး ခေါ်ယူလိုနေတာပါ။

အေးဂျင့် ရွိုင်းအိုလာက လာမယ့်အပတ်မှာ ပေါ့ဘာ အပြောင်းအရွှေ့ ကိစ္စကို ပြန်လည်ကာ အာရုံစိုက်လိုနေပါတယ်။ ကစားသမားတွေကို ပြန်လည် ချိတ်ဆက်ခွင့်ရပြီဖြစ်တဲ့ ရွိုင်းအိုလာကို ဂျူဗင်တပ်နဲ့ ရီးရဲလ်က ချိတ်ဆက်ထားပါတယ်။

ပေါ့ဘာအနေနဲ့ မန်ယူနိုက်တက်အသင်းမှာသာ ဆက်ကစားပြီး အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ကြိုးစားသင့်ကြောင်း ပြင်သစ်အသင်းနဲ့ ကမ္ဘာဖလားချန်ပီယံဟောင်း ရောဘတ်ပီရက်စ်က တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၀က်စ်ဟမ်း ခံစစ်မှူး ဒိုင်အော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင် ၄၅ သန်း အသုံးပြု ခေါ်ယူလိုနေပါတယ်။ ၀က်စ်ဟမ်းဘက်က ဒိုင်အော့အတွက် ပေါင် သန်း ၆၀ အလိုရှိနေပါတယ်။

အင်တာမီလန်အသင်းဟာ ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူလိုပေမယ့် ကစားသမား အလဲအထပ် အလိုက်ပေးမှုမျိုး မပြုလုပ်လိုဘဲ ငြင်းဆန်နေပါတယ်။ ယူနိုက်တက်က အင်တာဗဟိုခံစစ်မှူး စကရင်နီယာကို လူကာကူ ပြောင်းရွှေ့ကြေး ထဲ ပါဝင်စေလိုနေပါတယ်။