ဒီရာသီမှာ အာဆင်နယ် က မန်ချက်စတာစီးတီးရဲ့ ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဂယ်ရီနဗီး က ဟောကိန်းထုတ်ထားပါတယ်။

ဒါ့အပြင် ဒီရာသီမှာ စောင့်ကြည့်ရမယ့် အာဆင်နယ် ကစားသမား တစ်ယောက်လည်း ရှိတယ်လို့ သရဲနီဟောင်းကြီးက ပြောဆိုခဲ့ပါတယ်။

ဒီနွေရာသီက မနှစ်ကထက်စာရင် အာဆင်နယ်အတွက် ပိုပြီး တိတ်ဆိတ်တဲ့အပြောင်းအရွှေ့ဈေးကွက်ဖြစ်ခဲ့ပေမယ့် နေရာစုံကစားနိုင်စွမ်းရှိတဲ့ ကာလာဖီအိုရီလို ကစားသမား ရောက်ရှိလာမှုကြောင့် ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ပုံမှန်အတိုင်း အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေခဲ့တဲ့ပုံပေါ်ခဲ့ပါတယ်။

ရာသီသစ်ကို နိင်ပွဲနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း နဗီးက ကစားသမားသစ် ကာလာဖီအိုရီထက် မနှစ်က ကစားသမားသစ်ခေါ်ယူမှုဖြစ်ခဲ့တဲ့ ယူရီယန် တင်းဘားကို အဓိက စောင့်ကြည့်ရမယ်လို့ ယုံကြည်နေတာပါ။

” ကျွန်တော် အာဆင်နယ်ကို တင်းဘား ရောက်လာပြီး ခံစစ်ပိုင်း တည်ငြိမ်မှုရရှိအောင် လုပ်ပေးမှာစောင့်မျှော်ခဲ့ပြီး ဂန်းနားတွေက သူ မရှိဘဲနဲ့ လုပ်နိုင်ခဲ့တယ်။ သူက အသင်းနဲ့ ဝေးကွာနေတာ အရမ်းကြာခဲ့ပြီဖြစ်လို့ သူ့ကို ပြန်မြင်ရမှာက စိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။

အာဆင်နယ်က ဒီနွေရာသီမှာ လူများများစားစား မခေါ်ယူထားတော့ တင်းဘား ကလည်း ကစားသမားသစ်ခေါ်ယူမှုလိုမျိုး ခံစားရပါတယ်။ သူ အသင်းမှာ ဘယ်လို အံဝင်အောင်လုပ်မလဲဆိုတာ ကျွန်တော် စောင့်ကြည့်သွားမှာပါ ” လို့ နဗီးက ပြောဆိုခဲ့တာပါ။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ၂ ရာသီစလုံး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းကို နောက်ဆုံးမှာတော့ ကပ်ရှုံးခဲ့ရတာဖြစ်ပါတယ်။