ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားရဲ့ ဒီအပတ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်နဲ့ ရလဒ် ခန့်မှန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Brighton vs Manchester United

ယူနိုက်တက်အတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာမှာပါ။ သူတို့လည်း ရလဒ်ကောင်းရထားပေမယ့် ကစားပုံ သိပ်ကောင်းထားတာ မဟုတ်ပါဘူး။ ရလဒ်ကို ခန့်မှန်းဖို့ ခက်ခဲပေမယ့် သရေကျသွားမယ် ထင်ပါတယ်။

အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ သရေ

Manchester City vs Ipswich Town

အစ်ဝစ်ချ်တို့ ရလဒ်တစ်ခု ယူနိုင်မယ် မမြင်ပါဘူး။ ဒီပွဲမှာ အစ်ဝစ်ချ်တို့ ဂိုးတွေပေးရမှာပါ၊ စီးတီးတို့ အနိုင်ရမှာပါ။

အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ မန်စီးတီးအနိုင်

Aston Villa vs Arsenal

စောင့်ကြည့်ဖို့ကောင်းမယ့် ပွဲဆိုပေမယ့် အာဆင်နယ်က မနှစ်က အက်စတွန်ဗီလာကို ရင်ဆိုင်ရင်း ထိခိုက်ခဲ့တဲ့ ရလဒ်မျိုးပဲ ထွက်ပေါ်လာမှာပါ။ ဒီပွဲ သရေကျသွားနိုင်သလို အက်စတွန်ဗီလာက အိမ်ကွင်းမှာ နှာတစ်ဖျား အသာနဲ့ နိုင်သွားမယ် ထင်ပါတယ်။

အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ အက်စတွန်ဗီလာအနိုင်

Wolves vs Chelsea

ချယ်ဆီးအသင်းထံက ဘာတွေကိုများ မျှော်လင့်လို့ရမလဲ ကျနော် မသိပါဘူး။ ဒီပွဲကို သူတို့ အနိုင်ရမယ်လို့ မထင်ပါဘူး။ ဝုဗ်တို့ အနိုင်ရသွားမယ်လို့ မြင်ပါတယ်။

အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ ဝုဗ်အနိုင်

Liverpool vs Brentford

ပဲလေစ့်ကို ရင်ဆိုင်ရာမှာ ဘရန့်ဖိုဒ့်တို့ ရလဒ်ကောင်း ယူနိုင်ခဲ့ပေမယ့် အစ်ဝစ်ချ်ပွဲ ဒုတိယပိုင်းမှာ လီဗာပူးအသင်း သိပ်ကောင်းပါတယ်။ ဒီပွဲက အာနယ် ဆလော့ရဲ့ ပထမဆုံး အိမ်ကွင်းပွဲပါ။ အန်ဖီးမှာ လီဗာပူး အနိုင်ရသွားမယ်ပဲ မြင်ပါတယ်။

အလန်ရှီးယား ခန့်မှန်းရလဒ်။ ။ လီဗာပူးအနိုင်

အခြားပွဲစဉ်တွေအတွက် အလန်ရှီးယား ခန့်မှန်းရလဒ်များ

Tottenham Hotspur (အနိုင်) vs Everton
Crystal Palace vs West Ham (သရေ)
Southampton (အနိုင်) vs Nottingham Forest
Fulham (အနိုင်) vs Leicester City
Bournemouth vs Newcastle United (အနိုင်)