မနေ့က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အက်စတွန်ဗီလာဟာ အာဆင်နယ်ကို ထရော့ဇတ်၊ ပါတေးတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အဆိုပါပွဲမတိုင်ခင်မှာ ဗီလာဘက်က သူတို့ရဲ့ ချန်ပီယံလိဂ်ဖလားကို နှစ်သင်း ကစားသမားတွေ ထွက်လာမယ့် ဥမင် လျှောက်လမ်းမှာ ပြသထားခဲ့ပါတယ်။ ဒါကြောင့်ပဲ အက်စတွန်ဗီလာက ဥရောပဖလား မအောင်မြင်ဖူးတဲ့ အာဆင်နယ်ကို ဟားတိုက်တာလို့ ယုံကြည်သူတွေလည်း ရှိနေပါတယ်။
နှစ်သင်းလုံးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပေမယ့် နှစ်သင်းထဲမှာ အက်တွန်ဗီလာကပဲ ကျော်ကြားလှတဲ့ ဥရောပဖလားကို အောင်မြင်ထားတဲ့ အသင်းဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်တုန်းက အက်စတွန်ဗီလာဟာ ဘိုင်ယန်မြူးနစ်ကို ၁-၀ ဖြင့် အနိုင်ရကာ ဥရောပချန်ပီယံဖြစ်ထားခဲ့တာပါ။ မနှစ်ကရာသီ အဆင့် ၄ ရခဲ့တဲ့ အက်စတွန်ဗီလာတို့ဟာ ၄၁ နှစ်အကြာမှာ ချန်ပီယံလိဂ်ကို ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပါတယ်။
ဒါကြောင့်ပဲ အက်စတွန်ဗီလာက ဒီရာသီ သူတို့ရဲ့ ပထမဆုံး အိမ်ကွင်းပွဲဖြစ်တဲ့ အာဆင်နယ်ပွဲ မတိုင်ခင်မှာ သူတို့ရဲ့ ဥမင်လျှောက်လမ်း အသစ်ပြင်ဆင်ထားမှုမှာ ချန်ပီယံလိဂ်ဖလားကိုပါ ပြသသွားမယ်လို့ အစောတည်းက ကြေညာထားတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဖလား ပြသထားခြင်းဟာ အာဆင်နယ်ကို လှောင်ပြောင်တာထက် ဒီရာသီ သူတို့ အောင်မြင်စွာ ပါဝင် ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဂုဏ်ယူစွာ ထုတ်ဖော်လာခြင်းလည်း ဖြစ်ပါတယ်။