English Premier League ရဲ့ VAR နည်းပညာဟာ ဝေဖန်မှုများစွာ ခံနေရတဲ့အတွက် iPhone တွေကို အစားထိုး အသုံးပြုတော့မှာပါ။ iPhone တွေကို ဘောလုံးပြိုင်ပွဲတွေမှာ Offside ဖမ်းဖို့ ၂၀၂၄-၂၅ ရာသီ နှောင်းပိုင်းမှာ စတင် အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီနည်းပညာမှာ ဘောလုံးကွင်း ပတ်လည်မှာ iPhone ၂၈ လုံးကို တပ်ဆင်ထားမှာ ဖြစ်ပြီး iPhone 14 မော်ဒယ် သို့မဟုတ် မော်ဒယ် အသစ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဖုန်းတွေကို ရေစိုခံ Case တွေထဲမှာ ထည့်သွင်းထားမှာ ဖြစ်ပြီး Cooling Fans တွေ ထည့်သွင်းထားမှာပါ။ iPhone တွေဟာ High-fram-rate Video တွေကို ရှုထောင့်မျိုးစုံကနေ ရိုက်ကူးပေးမှာပါ။
iPhone တွေက ကစားသမား ၁ ယောက်ချင်းစီရဲ့ များပြားတဲ့ ဒေတာတွေကို ဖမ်းယူနိုင်ပါတယ်။ အဲဒီအထဲမှာ Body Lines, Muscle Mass နဲ့ Skeletal Structure တို့လို အသေးစိတ် သတင်းအချက်အလက်တွေ ပါဝင်ပါတယ်။ အဲဒီအတွက် Offside ကို ဖမ်းတဲ့အခါ ပိုမို တိကျလာပါတယ်။
iPhone က ရိုက်ကူးထားတဲ့ ဒေတာတွေကို AI Software ကနေ Offside ဖြစ်သလားဆိုတာကို စစ်ဆေးပေးမှာ ဖြစ်ပြီး နောက်ဆုံးမှာ ဒိုင်လူကြီးက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ Premier League ရဲ့ နည်းပညာ အသစ်ကို တခြား League တွေမှာလည်း အသုံးပြုလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။