ရာသီစ ရာနှုန်းပြည့် နိုင်ပွဲ ကိုယ်စီရနေတဲ့ အာဆင်နယ်နဲ့ ဘရိုက်တန်တို့ အမ်းမရိတ်မှာ ထိပ်တိုက်တွေ့ရာမှာတော့ တစ်ဘက်ကို ၁ ဂိုးစီဖြင့် သရေကျခဲ့ပါတယ်။
အာဆင်နယ်ဟာ ပွဲအစပိုင်းမှာတင် တိုက်စစ်ကို တင်ကစားခဲ့ပြီး ဘရိုက်တန်တို့ ခက်ခက်ခဲခဲ ခံစစ်ကစားခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ ဦးဆောင်မှုကို ရပ်တန့်နိုင်ရေး ဘရိုက်တန်ဘက်က လူချတာတွေ အချိန်ဆွဲတာတွေပါ လုပ်ခဲ့ရတယ်။
ပထမပိုင်းမှာ ဘရိုက်တန်ရဲ့ အမှားကနေ ဆာကာ အသုံးချနိုင်ပြီး ဟာဗက်ဇ်အတွက် ဖန်တီးပေးခဲ့သလို ဂျာမာန်သားရဲ့ အဆုံးသတ်ချက်ကလည်း ပါးနပ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဒိုင်လူကြီးရဲ့ ဆိုးရွားလွန်းလှတဲ့ ဆုံးဖြတ်ချက်ကြောင့် ရိုက်စ် နှစ်ဝါတစ်နီ နဲ့ ထုတ်ခံရပြီး ၉ မိနစ် အကြာမှာ ဘရိုက်တန် တို့ ချေပဂိုး ပြန်လည် ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။
နှစ်သင်းလုံး အခွင့်အရေး ကိုယ်စီရခဲ့ပေမယ့် အာဆင်နယ် ထပ်ရတဲ့ အခွင့်အရေးတွေက ဂိုးရဖို့ ပိုမို နီးစပ်လွန်းပါတယ်။ ဆာကာရဲ့ ပိတ်ချက်ဟာဆိုရင် ဂိုးသင့်ပေမယ့် ဂိုးသမားတည့်တည့်ဖြစ်ခဲ့တာပါ။
အာဆင်နယ် အတွက် ရမှတ် ၂မှတ် နစ်နာ ခဲ့တဲ့ ပွဲဖြစ်တဲ့ အပြင် စပါး နဲ့ ကစားရမယ့် မြောက်လန်ဒန်ဒါဘီ ပွဲမှာလည်း ရိုက်စ် မပါဘဲ ကစားရတော့မှာ ဖြစ်ပါတယ် ။