စက်တင်ဘာ ၁ ရက်က ထွက်သွားတဲ့ ဆုကြေး ဘတ်ငွေ ၆ သန်းတန် ထိုင်းထီပထမဆု ပေါက်ဂဏန်း ၁၉၉၆၀၆ ကို ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားဇနီးမောင်နှံက ကံထူးရှင်အဖြစ် ဆွတ်ခူးရရှိသွားပါတယ်။

သူတို့ဇနီးမောင်နှံဟာ မန္တလေးတိုင်း မြင်းခြံခရိုင်ကနေ ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် အထည်ချုပ်စက်ရုံမှာ လာလုပ်နေတာ ၈ နှစ်ရှိသွားပြီဖြစ်ပြီး ထီအမြဲထိုးခဲ့ကြောင်း၊

ဒီတခေါက်မှာလည်း ဘတ် ၁၀၀၀ ဖိုးနဲ့ ထီ ၁၀ စောင်ဝယ်ပြီး ကံစမ်းတာမှာ ၁ စောင်က ပထမဆုပေါက်သွားတာဖြစ်ပါတယ်။

ဇနီးမောင်နှံ နှစ်ဦးဟာ ထိုင်းရောက် M.H.A.C မဟာမိတ်အဖွဲ့ အကူအညီဖြင့် ဒီနေ့ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းကပဲ ဘဏ်မှာ ဆုငွေတွေ အဆင်ပြေပြေ ထုတ်ယူခဲ့တယ်လို့ သိရပါတယ်။