ဟာဇက်က လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ် လို့ ချယ်ဆီးပရိသတ်တွေကို ပြီးခဲ့တဲ့ အပတ်ထဲမှာ သတိပေးခဲ့ပါတယ်။ လက်ရှိ စာချုပ် သက်တမ်းက ဒီရာသီကုန်ထိ တစ်နှစ်ကျန်ရှိနေဦးမှာဖြစ်ပေမယ့် တကယ်လို့များ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ရင် အနောက် လန်ဒန်သားတွေအနေနဲ့ သူတို့စဉ်းစားနိုင်တဲ့ ရွေးချယ်စရာ အနည်းငယ် ရှိပါတယ်။ ဒါကြောင့် အီဒင်ဟာဇက် နေရာအစားထိုးဖို့ ဖြစ်နိုင်တဲ့ ငါးယောက်ကို ဖော်ပြပေးသွားပါမယ်။

သော်ဂန်ဟာဇက် (မွန်ချင်ကလာဘတ်)

အသက် ၂၅နှစ်အရွယ် သော်ဂန်ဟာ သူ့အစ်ကိုကြီးလိုမျိုး စိတ်အပြာင်းအလဲမြန်တတ်တဲ့ အရည်အချင်းမရှိပါဘူး။ ဒါပေမယ့် အစားထိုးခြင်းကိစ္စမှာ
ချယ်ဆီးတို့ ခေါ်ယူသင့်တဲ့ ကောင်းမွန်တဲ့ ရွေးချယ်စရာ တစ်ခုဖြစ်မှာပါ။ 2015 မှာ မိုချင်ဂလက်ဘက် အသင်းအတွက် ထွက်ခွာခဲ့ပြီးထဲက တောင်ပံကစားသမားဟာ နိုင်ငံအသင်းမှာ အစ်ကိုဖြစ်သူ ဟာဇက်ရဲ့ အရန်ဖြစ်လာပါတယ်။

သော်ဂန်က ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၂ပွဲမှာလဲ ၁၃ဂိုးထိ သွင်းယူထားနိုင်ပါတယ်။ ပထမ ဖော်ပြထားတဲ့သူတွေကို မရခဲ့ဘူးဆိုရင်တော့ ချယ်ဆီးအတွက် သော်ဂန်ဟာ နောက်ရာသီ အနောက်လန်ဒန်ဆီ ခေါ်ယူသင့်တဲ့ လွယ်ကူတဲ့ ရွေးချယ်စရာ တစ်ခုဖြစ်နိုင်ပါတယ်။

ဟားဗင်း လိုဇာနို (PSV)

သူကတော့ ချယ်ဆီးအတွက် ပူလစ်ဆစ်ထက် ပိုပြီးဈေးတော်တဲ့ ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အလားအလာ သိပ်ရှိတဲ့သူတော့ မဟုတ်ပါဘူး။ “Chucky” လို့ နာမည်ပြောင်ပေးထားတဲ့ မက္ကဆီကိုနိုင်ငံသားဟာ တောင်ပံနှစ်ဖက်လုံးမှာ ကစားနိုင်ပြီး ချယ်ဆီးအကြိုက် ကစားသမားတွေ မွေးထုတ်ပေးရာ အဲရီဒီဗီဆီ လိဂ်မှာ ကောင်းမွန်တဲ့ ရာသီကိုပိုင်ဆိုင်ထားပါတယ်။

အသက် ၂၃နှစ်အရွယ် ကစားသမား ဟာ ဒီရာသီ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ၁၃ပွဲမှာ ၁၀ဂိုးသွင်းယူထားပြီး ချန်ပီယံလိဂ်မှာ တော့တင်ဟမ်နဲ့ သရေကျခဲ့တဲ့ ပွဲမှာလဲ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ သူဖြစ်ပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ကို သဘောကျကြောင်း ပြောဆိုခဲ့ပေမယ့် မက္ကဆီကိုနည်းပြ ဟွမ်ကားလို့စ် အိုဆိုရီယိုနဲ့ သပရီးမီးယားလိဂ် မှာ လာကစားဖို့အလိုရှိနေတာပါ။ ပြိုင်ဘက်တွေကို ချဉ်းကပ်ရာမှာ သူ့ရဲ့ အကြောက်အလန့်မရှိ ဇွဲနဘဲကြီးတတ်မှုတွေဟာ ဆာရီရဲ့အကြိုက်ဖြစ်ပါတယ်။

လိုရန်ဇို အင်ဆိုင်း (နာပိုလီ)

နာပိုလီမှာ ဆာရီနည်းပြစဉ်ထဲက သူ့လက်အောက်မှာ ပွဲပေါင်း 140 နီးပါး ကစားခဲ့တဲ့ တိုက်စစ်မှူး လိုရန်ဇိုဟာ စတန်းဖို့ဒ်ဘရစ်ခ်ျရဲ့ ဟာဇက် နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်သားလိုမျိုးပဲ သူဟာ ဘယ်ခြမ်းကနေ ဂိုးဆာလောင်မှု ပြင်းပြပြီး ပြိုင်ဘက် နောက်တန်းကို မွှေနှောက်ဖျက်ဆီးပစ်တတ်တဲ့ သူတစ်ယောက်ဖြစ်တာမို့ ဈေးကြီးမယ်ဆိုရင်တောင် သူဟာ အသင့်တော်ဆုံးပါ။ ဟာဇက် နေရာ အစားထိုးမှုအတွက် ဆာရီရဲ့စောင့်ကြည့်စာရင်းမှာ သူဟာ ထိပ်ဆုံးက ပါနေမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

လီယွန်ဘိုင်လီ (ဘိုင်ယန် လေဗာကူဆင်)

အန်တိုနီယိုကွန်တီနဲ့ အဆင်အပြေဖြစ်ပြီး ဝီလီယမ် အနာဂတ် မသေမချာဖြစ်နေချိန်မှာ ခြင်္သေ့ပြာတို့ဟာ တောင်ပံကစားသမား လီယွန်ဘိုင်လီ အပေါ်မှာ မျက်စိကျနေခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်လေဗာကူဆင် ကစားသမားကို ဟာဇက်ရဲ့နေရာမှာ အစားထိုးဖို့ လဲ ဖြစ်နိုင်ပါတယ်။ ဘိုင်လီရဲ့ ကိုယ်စားလှယ်တွေက သူတို့ဟာ ဂျာမန်ကလပ်အပေါ်လေးစားမှုရှိတယ်လို့ဆိုခဲ့ပေမယ့် ဇူလိုင်လမှာ အီတလီကလပ် ရိုးမားအသင်းရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့အပေါ် ကလပ်ရဲ့နာမည်ကျော်ကြားမှုကို မကြည့်ရင် ရူးရာကျသွားလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီပြောဆိုမှုဟာ ချယ်ဆီး အပေါ်မှာလဲ သက်ရောက်မှုရှိပါလိမ့်မယ်။

ခရစ်စတီယန် ပူလစ်ဆစ် (ဒေါ့မွန်)

ဒေါ့မွန်ကြယ်ပွင့်ကစားသမားက သူ့ အိမ်မက်ဟာ ပရီးမီးယားလိဂ် မှာ ကစားဖို့ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီးသားပါ။ အင်္ဂလိပ် ထိပ်သီးလိဂ်ရဲ့ တွန်းအားကြောင့် အပြောင်းအရွှေ့ က ဖြစ်နိုင်စရာရှိပါတယ်။ ပူလစ်ဆစ်က ဆယ်ကျော်သက်ဘဝနဲ့ ဂျာမန်ဘီလူးအသင်းထံ ရောက်ရှိခဲ့ပြီး
အမေရိကန်ပြည်ထောင်စု ရဲ့ မျှော်လင့်ချက်အဖြစ် ကြာရှည်တည်ရှိနေခဲ့တာပါ။ သူတို့ရဲ့အောင်မြင်မှုက သူ့ပုခုံးပေါ်မှာရှိနေပါတယ်။

အသက် ၂၀ အရွယ် ကစားသမား တစ်ယောက်အနေနဲ့ နိုင်ငံအသင်းရဲ့မျှော်လင့်ချက်ဖြစ်နေတာက နည်းနည်းတော့ ပိုရာကျပါတယ်.ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါကို လက်ခံရမှာဖြစ်ပြီး ဆက်လုပ်သွားရမှာပါ။ ဟာဇက်လိုပဲ ပူလစ်ဆစ်ဟာလဲ ရာသီကုန်မှာ စာချုပ်တစ်နှစ်ကျန်ရှိနေပြီး ဒီနွေရာသီမှာ သူ့အနာဂတ်အတွက် ဆွေးနွေးမှုတွေရှိလာမှာဖြစ်ပါတယ်။ သူ့ကိုစိတ်ဝင်စားနေတာတော့ ချယ်ဆီးတသင်းထဲမဟုတ်ပါဘူး။ ပြည်တွင်းပြိုင်ဘက် လီဗာပူးကလည်း ရှိနေပါတယ်။ ဒါကြောင့် ဒီလူငယ်ကစားသမားကိုခေါ်ယူနိုင်ဖို့ ချယ်ဆီးတို့ အတွက် ခက်ခဲမှာဖြစ်ပါတယ်။