လက်ရှိမှာတော့ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်ကို ဝင်ရောက်လာပြီဖြစ်ကာ ဒီအပတ်ထဲ ပရီးမီးယားလိဂ်ပွဲတွေ ကစားရဖို့ မရှိပါဘူး။

လက်ရှိချန်ပီယံ မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ အခုမှ ရာသီကြို ပြီးဆုံးသွားခြင်းဖြစ်ကာ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ရာသီသစ်က အမှန်တကယ်ကြီး စတင်ပြီဖြစ်ကြောင်း သတိပေးစကား ဆိုထားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖြစ်နိုင်ချေ အသင်းတွေကို အပတ်တိုင်း တွက်ချက်လေ့ရှိတဲ့ နာမည်ကြီး Opta ရဲ့ စူပါကွန်ပျူတာ က ပွဲစဉ် ၃ အပြီးမှာ ကလပ် ၄ သင်းကပဲ ဆုဖလား စိန်ခေါ်နိုင်မယ်လို့ တွက်ချက်လာပါတယ်။

လက်ရှိ အဆင့် ၃ မှာရှိနေတဲ့ ဘရိုက်တန်တောင် မပါလာခဲ့ပါဘူး။

ချန်ပီယံဖြစ်နိုင်မယ့် အသင်းတွေက မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ နယူးကာဆယ်တို့ဖြစ်ကာ သူတို့ထဲမှာ နယူးကာဆယ်ဟာ ချန်ပီယံဖြစ်နိုင်ချေ ၁၀၀၀ ပုံ ၁ ပုံဖြင့် ပါလာခဲ့တာဖြစ်ပါတယ်။

ရာသီစတုန်းက ချန်ပီယံဖြစ်နိုင်ချေ ၅.၁% ပဲရှိခဲ့တဲ့ လီဗာပူးဟာ လက်ရှိမှာ ဒုတိယနေရာကို ၈.၄% ထိ တက်လာပါတယ်။ အာဆင်နယ်ကတော့ ၁၂.၂% ကနေ လက်ရှိမှာ ၇.၇% ထိ ဆင်းသွားပါတယ်။

မန်စီးတီးအသင်းကတော့ ရာသီစတုန်းကထက်တောင် ချန်ပီယံဖြစ်နိုင်ချေ ပိုများလာပြီး (၈၃.၉%) ဖြင့် ၅ ရာသီဆက် ချန်ပီယံဖြစ်မယ်လို့ အပြတ်အသတ် ရေပန်းစားနေဆဲဖြစ်ပါတယ်။