စက်တင်ဘာ ၄ ရက်နေ့တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရောင်းချခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး ရောင်းချခဲ့တဲ့ ဗဟိုဘဏ်ဟာ စက်တင်ဘာလအစမှာတင် ဒေါ်လာနဲ့ ဘတ်တို့ကို FX Trading Platform မှတစ်ဆင့် ရောင်းချလာတာပါ။

စက်တင်ဘာ ၄ ရက်နေ့မှာ ဒေါ်လာ ၁၂ ဒသမ ၄ သန်းအား တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ရောင်းချခဲ့သလို ဘတ်သန်း ၈၀ ကိုလည်း ငွေလဲနှုန်း ၁၀၆.၅၀ ကျပ်နှုန်းဖြင့် ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒိနေ့ တရက်တည်းမှာတင် ဗဟိုဘဏ်ရဲ့ ရောင်းချပေးမှုအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်အတွက် လွှဲပြောင်းမှု ၇၉ ကြိမ်၊ ဘတ် ၁၂၃ သန်းကျော်အတွက် လွှဲပြောင်းမှု ၄၅ ကြိမ်ရှိခဲ့ကာ ယွမ် ၉ သန်းကျော်အတွက်လည်း ငွေလဲနှုန်း ၄၉၇ သန်းဖြင့် လွဲပြောင်းမှု ၂၂ ကြိမ် ရှိခဲ့ပါတယ်။

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ ယူအက်စ်ဒေါ်လာငွေလဲနှုန်းက ၅၅၀၀ – ၅၆၅၀ ကျပ်အကြားမှာ စျေးပေါက်နေပါတယ်။