ပြီးခဲ့တဲ့ရက်က အာဆင်နယ် အသင်းရဲ့ စပါးကို ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ် မှာ ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ် တိုက်စစ်သမား ဘူကာယိုဆာကာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းသစ် ထွက်ပေါ်လာပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ဒုတိယပိုင်း ပွဲနှောင်းတွင် ပေါင်ကြွက်သားဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်၊ အီတလီနောက်ခံလူရီကာဒိုကာလာဖီအိုရီ၊ ကစားသမားသစ်မီခေးလ်မီရီနိုတို့ ဒဏ်ရာရရှိနေချိန်တွင် ဆာကာ ဒဏ်ရာရရှိသွားမှုနှင့်အတူ အထူးစိုးရိမ်နေပါတယ်။
စပါးနဲ့ ပွဲအပြီးတွင် အာဆင်နယ်နည်းပြအာတီတာက ဆာကာရဲ့ ဒဏ်ရာအခြေအနေကို မသိသေးကြောင်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ လန်ဒန်ညနေခင်းသတင်းစာရဲ့ ဖော်ပြမှုအရ ဘူကာယိုဆာကာရဲ့ ဒဏ်ရာမှာ ပြင်းထန်သလောက် မရှိကြောင်း သိရပါတယ်။
ဒါကြောင့်လည်း ဆာကာအနေဖြင့် ယခုအပတ်အကုန်တွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်လာနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။
ဒါပေမဲ့ ဆာကာအနေဖြင့် ကြာသပတေးနေ့တွင် အတ္တလန္တာနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ပါဝင်နိုင်မလား ဆိုတာ ကိုတော့ အတိအကျ ပြောနိုင်ဖို့ ခက်ခဲပါသေးတယ်။