ပေါ့ဘာ ထွက်ခွာဖို့ သတင်းတွေကြီးနေပေမယ့် ကလပ်အသင်းဘက်ကတော့ သူ့ကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ အကြောင်းပြန်လာခဲ့ပါပြီ။

ရာသီသစ်မှာ ပေါ့ဘာ ထွက်ခွာသည်ဖြစ်စေ၊ ဆက်ရှိနေသည်ဖြစ်စေ မန်ယူဘက်က ကွင်းလယ်ကို အင်အားဖြည့်မှာဖြစ်ပြီး ချိတ်ဆက်ကြိုးစားမှုလည်း ရှိနေတဲ့ ဥရောပလိဂ်တွေက အရည်အချင်းရှိ လူငယ် ကွင်းလယ်ကစားသမားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Bruno Fernandes – Sporting CP

စပို့တင်းဘက်က ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ လောက် ဈေးတင်ထားပြီး မန်ယူဟာ မန်စီးတီးနဲ့ အဓိက ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် စပါးဘက်ကလည်း ဝင်ရောက် ခြေရှုပ်လိုနေပါတယ်။

Youri Tielemans – Monaco

မနှစ်က လက်စတာမှာ ခြေစွမ်းပြခဲ့လို့ ပရီးမီးယားလိဂ်ကလပ်တွေက သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားလာကြတာပါ။ မန်ယူဟာ လက်စတာနဲ့အပြိုင် ကမ်းလှမ်းမှုလုပ်ရမှာဖြစ်ပြီး ပေါင်သန်း ၄၀ ဈေးပေါက်ပါတယ်။

Sean Longstaff – Newcastle

နယူးကာဆယ်အသင်းရဲ့ နည်းပြဘင်နီတက်ဇ် လက်အောက်မှာ စတင်ကာ ပွဲထွက်ကစားခွင့် ရလာခဲ့တဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ပေါင် ၂၅ သန်းခန့် သုံးရပါမယ်။ တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။

Giovani Lo Celso – Real Betis

အာဂျင်တိုင်းသား ကွင်းလယ်လူကို မန်ယူနဲ့ စပါးတို့က အဓိက ကြိုးစားနေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ထိ ရှိနိုင်ပါတယ်။

Tanguy Ndombele – Lyon

ပြင်သစ်သား ကွင်းလယ်လူကိုလည်း မန်ယူနဲ့ စပါးတို့ အဓိက ချိတ်ဆက်နေပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ လောက် သုံးရမှာပါ။ မန်စီးတီးဘက်ကလည်း စိတ်ဝင်စားထားပါတယ်။

Rodri – Atletico Madrid

သူ့ကို ခေါ်ယူဖို့ ပေါင် (၆၂) သန်းခန့် သုံးရမှာဖြစ်ပြီး မန်စီးတီးနဲ့ အဓိက သတင်းထွက်နေပေမယ့် အခွင့်အရေးရမယ်ဆိုရင် မန်ယူဘက်ကလည်း ခေါ်လိုနေပါတယ်။